ATG Systems

ATG Systems ATG Systems is a leading IT System Integrator specializing in providing Enterprise IT Solutions to Enterprise Clients in Myanmar.

၁၀ နှစ်အတွင်း ကမ္ဘာကြီးကို လှုပ်ခတ်သွားမယ့် အနာဂတ် နည်းပညာ Trends (၁၀) ခု World Economic Forum နဲ့ McKinsey တို့ရဲ့ လေ့လ...
28/08/2026

၁၀ နှစ်အတွင်း ကမ္ဘာကြီးကို လှုပ်ခတ်သွားမယ့် အနာဂတ် နည်းပညာ Trends (၁၀) ခု
World Economic Forum နဲ့ McKinsey တို့ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့စီးပွားရေးနဲ့ လူနေမှုဘဝပုံစံတွေကို အဓိက ပုံဖော်သွားမယ့် Top 10 Tech Trends တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Process Automation & Virtualization
လာမယ့် ဆယ်စုနှစ်အနည်းငယ်အတွင်း လက်ရှိ စက်ရုံ/အလုပ်ရုံနဲ့ လုပ်ငန်းစဉ် ၅၀% နီးပါးဟာ အလိုအလျောက် စနစ်တွေဆီ ပြောင်းလဲသွားမှာဖြစ်ပြီး စက်ပစ္စည်းပေါင်း ဘီလီယံ ၅၀ ကျော် ချိတ်ဆက်မိလာပါမယ်။

၂။ Future of Connectivity
5G နဲ့ IoT တွေကြောင့် မိုဘိုင်း အင်တာနက် မြန်နှုန်း ပိုမိုမြင့်မားလာပြီး စက်ရုံများကို အဝေးထိန်းစနစ်ဖြင့် မောင်းနှင်ခြင်းနှင့် အဝေးမှ ကျန်းမာရေးစောင့်ရှောက်မှု (Remote Healthcare) တွေ ခေတ်စားလာပါမယ်။

၃။ Distributed Infrastructure
လုပ်ငန်း ၇၀% နီးပါးဟာ Hybrid နဲ့ Multi-Cloud စနစ်တွေကို ပြောင်းသုံးလာကြမှာဖြစ်လို့ Data ရယူမှုကို ပိုမြန်စေပြီး လုံခြုံရေးနဲ့ ကုန်ကျစရိတ်ကို ပိုမိုသက်သာစေမှာပါ။

၄။ Next-Generation Computing
Quantum AI နဲ့ အလိုအလျောက်မောင်း ယာဉ်များ ပါဝင်လာပြီး၊ ယခင်က သိပ္ပံနဲ့ စီးပွားရေးလောကမှာ မဖြေရှင်းနိုင်ခဲ့တဲ့ ရှုပ်ထွေးလွန်းတဲ့ ပုစ္ဆာတွေကို စက္ကန့်ပိုင်းအတွင်း ဖြေရှင်းပေးနိုင်တော့မှာဖြစ်ပါတယ်။

၅။ Applied Artificial Intelligence - AI
AI က ပုံစံတွေကို မှတ်သားရုံတင်မကဘဲ အလိုအလျောက် ဆုံးဖြတ်ချက်ပါ ချနိုင်လာပါမယ်။ ဖုန်း/ကွန်ပျူတာနဲ့ ဆက်သွယ်မှု ၅၀% ကျော်မှာ AI အသံစနစ်တွေ ပါဝင်လာတော့မှာပါ။

၆။ Future of Programming
လူတွေက Code ထိုင်ရေးရတဲ့ ခေတ်ထက် Neural Networks နဲ့ Machine Learning တွေက Code တွေကို အလိုအလျောက် ရေးသားပေးမယ့် "Software 2.0" ခေတ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

၇။ Trust Architecture & Cybersecurity
Zero-Trust Architecture နဲ့ Digital Identity စနစ်တွေ ခေတ်စားလာပြီး Cyber အန္တရာယ်တွေကနေ ကာကွယ်ဖို့ ယုံကြည်စိတ်ချရတဲ့ စနစ်များ တည်ဆောက်လာကြရပါမယ်။

၈။ Bio Revolution
Biological Data နဲ့ AI ကို ပေါင်းစပ်ပြီး မျိုးရိုးဗီဇဆိုင်ရာ ဆေးဝါးများ ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် ကျန်းမာရေး ကဏ္ဍတွေကို အရှိန်အဟုန်ဖြင့် တိုးတက်စေတော့မှာပါ။

၉။ Next-Generation Materials
ပိုမို ပေါ့ပါး၊ ခိုင်မာပြီး သဘာဝပတ်ဝန်းကျင် စုပ်ယူမှု သက်သာစေမယ့် နာနိုနည်းပညာသုံး ရုပ်ဝတ္ထုသစ်တွေ ထွက်ပေါ်လာပြီး စက်မှုဇုန်တွေနဲ့ စွမ်းအင်ကဏ္ဍမှာ အစားထိုးလာပါမယ်။

၁၀။ Future of Clean Energy
Carbon-neutral ဖြစ်စေမယ့် စွမ်းအင်သစ်များ၊ Solar/Wind Power တွေနဲ့ စမတ်လျှပ်စစ်ဓာတ်အားလိုင်း (Smart Grid) တွေက အနာဂတ် နည်းပညာလောကကို အဓိက မောင်းနှင်ပေးသွားမှာဖြစ်ပါတယ်။

ဒီ နည်းပညာ Trend (၁၀) ခုဟာ လူသားတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူ သက်သာစေရုံတင်မကဘဲ ကမ္ဘာ့စီးပွားရေး ပုံစံတစ်ခုလုံးကိုပါ အခြေခံကစလို့ ပြောင်းလဲပေးတော့မှာ ဖြစ်ပါတယ်။

World Economic Forum မှမှီငြမ်းပါသည်။



ATG SYSTEMS
📍 Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.

📱 +959447701033
📧 [email protected]

🎉 𝗔𝗧𝗚 𝗦𝗬𝗦𝗧𝗘𝗠𝗦 𝗦𝗨𝗖𝗖𝗘𝗦𝗦𝗙𝗨𝗟𝗟𝗬 𝗪𝗜𝗡𝗦 𝗔 𝗥𝗘𝗚𝗜𝗢𝗡𝗔𝗟 𝗠𝗜𝗖𝗥𝗢𝗦𝗢𝗙𝗧 𝟯𝟲𝟱 𝗣𝗥𝗢𝗝𝗘𝗖𝗧 𝗪𝗜𝗧𝗛 𝗔𝗚𝗥𝗜𝗖𝗨𝗟𝗧𝗨𝗥𝗔𝗟 𝗣𝗥𝗢𝗠𝗢𝗧𝗜𝗢𝗡 𝗕𝗔𝗡𝗞, 𝗟𝗔𝗢 𝗣𝗗𝗥! 🇱🇦We are pro...
25/08/2026

🎉 𝗔𝗧𝗚 𝗦𝗬𝗦𝗧𝗘𝗠𝗦 𝗦𝗨𝗖𝗖𝗘𝗦𝗦𝗙𝗨𝗟𝗟𝗬 𝗪𝗜𝗡𝗦 𝗔 𝗥𝗘𝗚𝗜𝗢𝗡𝗔𝗟 𝗠𝗜𝗖𝗥𝗢𝗦𝗢𝗙𝗧 𝟯𝟲𝟱 𝗣𝗥𝗢𝗝𝗘𝗖𝗧 𝗪𝗜𝗧𝗛 𝗔𝗚𝗥𝗜𝗖𝗨𝗟𝗧𝗨𝗥𝗔𝗟 𝗣𝗥𝗢𝗠𝗢𝗧𝗜𝗢𝗡 𝗕𝗔𝗡𝗞, 𝗟𝗔𝗢 𝗣𝗗𝗥! 🇱🇦

We are proud to announce that 𝗔𝗧𝗚 𝗦𝘆𝘀𝘁𝗲𝗺𝘀 has been awarded a new Microsoft 365 project with 𝗔𝗴𝗿𝗶𝗰𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 𝗕𝗮𝗻𝗸 (𝗔𝗣𝗕), 𝗟𝗮𝗼 𝗣𝗗𝗥.

🌏 𝗧𝗵𝗶𝘀 𝗽𝗿𝗼𝗷𝗲𝗰𝘁 𝗺𝗮𝗿𝗸𝘀 𝗮𝗻𝗼𝘁𝗵𝗲𝗿 𝗶𝗺𝗽𝗼𝗿𝘁𝗮𝗻𝘁 𝗺𝗶𝗹𝗲𝘀𝘁𝗼𝗻𝗲 𝗶𝗻 𝗼𝘂𝗿 𝗷𝗼𝘂𝗿𝗻𝗲𝘆 𝘁𝗼 𝗱𝗲𝗹𝗶𝘃𝗲𝗿 𝘁𝗿𝘂𝘀𝘁𝗲𝗱 𝗠𝗶𝗰𝗿𝗼𝘀𝗼𝗳𝘁 𝘀𝗼𝗹𝘂𝘁𝗶𝗼𝗻𝘀 𝗮𝗰𝗿𝗼𝘀𝘀 𝘁𝗵𝗲 𝗿𝗲𝗴𝗶𝗼𝗻.

🤝 We sincerely thank 𝗔𝗴𝗿𝗶𝗰𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 𝗕𝗮𝗻𝗸 for placing your trust in ATG Systems.

We look forward to supporting APB throughout this transformation journey and delivering lasting value through Microsoft technologies.

🚀 𝗔𝗧𝗚 𝗦𝘆𝘀𝘁𝗲𝗺𝘀 — 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗼𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻𝘀 𝘄𝗶𝘁𝗵 𝗦𝗲𝗰𝘂𝗿𝗲, 𝗠𝗼𝗱𝗲𝗿𝗻, 𝗮𝗻𝗱 𝗙𝘂𝘁𝘂𝗿𝗲-𝗥𝗲𝗮𝗱𝘆 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆.

🚧 Smarter Drainage Design with Autodesk InfoDrainage + Civil 3D 🌧️Drainage ဒီဇိုင်းတွေကို civil infrastructure တွေနဲ့ တွ...
25/08/2026

🚧 Smarter Drainage Design with Autodesk InfoDrainage + Civil 3D 🌧️

Drainage ဒီဇိုင်းတွေကို civil infrastructure တွေနဲ့ တွဲပြီး ဆွဲရတော့မယ်ဆိုရင် Autodesk ရဲ့ InfoDrainage + Civil 3D အတွဲ ကို အသုံပြုနိုင်ပါတယ်။
Autodesk InfoDrainage ကို Civil 3D နှင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် Engineering Team များက ပိုမိုတိကျပြီး ရေရှည်တည်တံ့သော Drainage System များကို ပိုမိုမြန်ဆန်စွာ ဒီဇိုင်းရေးဆွဲနိုင်မှာပဲဖြစ် ပါတယ်။ ပုံစံငယ် (Model) များကို ကိုယ်တိုင်ပြန်လည် Update လုပ်ခြင်း သို့မဟုတ် ပြောင်းလဲမှုတိုင်းကို တစ်ခုချင်းစီ ပြန်လည်စစ်ဆေးခြင်းများအစား Hydraulic Results နှင့် Design Data များကို InfoDrainage နှင့် Civil 3D အကြား ပြောင်းလဲအသုံးပြုနိုင်ပါသည်။

InfoDrainage + Civil 3D အတွဲနဲ့ ဘာတွေလုပ်လို့ရမလဲဆိုရင် ....
✅ Location မတူညီသော နေရာများအတွက် မိုးရေချိန် (Rainfall) နှင့် ရေစီးဆင်းမှု (Runoff) ကို တိုင်းတာတွက်ချက်နိုင်ခြင်း၊
✅ Pipe Size, Slope Gradient နှင့် Runoff Coefficient များကို လိုအပ်သလို ပြင်ဆင်နိုင်ခြင်း၊
✅ Hydraulic Results များကို Civil 3D Model များထဲသို့ တိုက်ရိုက် ပြောင်းလဲနိုင်ခြင်း၊
✅ Manual လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်နိုင်တဲ့ အမှားများကို လျှော့ချပြီး Design Accuracy ကို မြှင့်တင်နိုင်ခြင်း၊
✅ ပိုမိုစိမ်းလန်းပြီး ကြံ့ခိုင်မှုရှိတဲ့ infrastructure စီမံကိန်းရေးဆွဲခြင်းကို ပံ့ပိုးပေးခြင်း များပဲဖြစ်ပါတယ်။

Real-world projects တွေမှာ ဒီ value တွေကို ရှင်းလင်းစွာမြင်ရနိုင်ပါတယ်။ အဲ့အထဲမှ project ၂ ခုကို လေ့လာကြည့်ရအောင်ပါ။
ပထမ တစ်ခု အနေနဲ့ Charleston မှာရှိတဲ့ Consulting Firm တစ်ခုဖြစ်တဲ့ JMT ဟာ ရာစုနှစ်တစ်ခုခန့် သက်တမ်းရှိပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ ဒီရေကြီးမှုနှင့် အိုမင်းလာတဲ့ Infrastructure များနှင့် ရင်ဆိုင်နေရသည့် Low Battery Seawall ကို အဆင့်မြှင့်တင်ရာတွင် Autodesk InfoDrainage နှင့် Civil 3D အတွဲကို အသုံးပြုခဲ့ပါသည်။ Civil 3D ရှိ Site Data နဲ့ Design Standards များကို InfoDrainage ထဲသို့ တိုက်ရိုက် ထည့်သွင်းအသုံးပြုနိုင်ခြင်းကြောင့် Team အနေနဲ့ Drainage Improvements များကို ပိုမိုတိကျစွာ စီမံရေးဆွဲနိုင်ခဲ့ပြီး တင်းကျပ်သော Local Requirements များကိုလည်း ဖြည့်ဆည်းနိုင်တဲ့အပြင် Project တစ်လျှောက်လုံး ပြန်လည်ပြင်ဆင်လုပ်ဆောင်ရမှု (Rework) များကိုလည်း အများကြီးလျှော့ချနိုင်ခဲ့ပါတယ်။

နောက်တစ်ခုကတော့ London အနီးရှိ ၄၃ ဟက်တာအကျယ်ရှိတဲ့ Solar Farm အတွက် Project Centre အဖွဲ့ မှ ပြုလုပ်ပေးခဲ့တဲ့ Drainage Design ဖြစ်ပါတယ်။
Solar Panel များဟာ Site ဧရိယာအများစုကို ဖုံးလွှမ်းထားခြင်း၊ သဘာဝရေစီးကြောင်း (Natural Watercourse) ကိုလည်း ကာကွယ်ရန် လိုအပ်ခြင်းများကြောင့် Drainage design များဆွဲတဲ့ အချိန်မှာ နေရာအကန့်အသတ်ရှိပြီး အမှားအယွင်းဖြစ်လို့လည်း မရတဲ့ အခြေအနေရှိနေခဲ့ပါတယ်။ သို့သော် InfoDrainage နှင့် Civil 3D Workflow ကို အသုံးပြုခြင်းဖြင့် Engineers များဟာ Hydraulic Results များကို Site တစ်ခုလုံးရဲ့ Context နှင့်အတူ မြင်တွေ့နိုင်ခဲ့ပြီး ဒီနိုင်း ကို လိုအပ်သလိုပြင်ဆင် နိုင်ခဲ့ပါတယ်။ ပုံစံငယ် (model) ကို ကိုယ်တိုင်ပြန်ပြင်စရာ မလိုဘဲ ဒီဇိုင်းဆွဲနိုင်ခဲ့ကြခြင်းဖြင့် အချိန်၊ ငွေကြေး၊ လူအင်အား အနည်းဆုံးနဲ့ ပြီးမြောက်အောင် ဆွဲပေးနိုင်ခဲ့ ကြပါတယ်။

ဒီ Project ၂ ခုကို ကြည့်ခြင်းအားဖြင့် Autodesk ဟာ Engineers များကို Drainage System များ ဒီဇိုင်းရေးဆွဲရာတွင်သာ ကူညီပေးနေခြင်းမဟုတ်ဘဲ၊ မြို့များ၊ Communities နှင့် Renewable Energy Projects များကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ ရေရှည်တည်တံ့စေခြင်း နဲ့ future-ready ဖြစ်နေအောင် ကူညီပေးနေကြောင်း ပြသနေပါတယ်။

Autodesk အသုံးပြုခြင်းကြောင့် Civil Design Team တွေဟာ အလုပ်ကို ပိုမိုမြန်ဆန်ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း ဖြင့် အနာဂတ်အတွက် အသင့်ဖြစ်နေသော Infrastructure များကို တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

📌 သင့် Drainage Design Workflow ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်လိုပါသလား?
Autodesk InfoDrainage + Civil 3D တို့က သင့် Team အတွက် ပိုမိုကောင်းမွန်သော Hydraulic Results များ ရရှိအောင် ကူညီပေးနိုင်ပါတယ်။




ATG SYSTEMS
📍 Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.

📱 +959447701033
📧 [email protected]

Inside the Modern Private Cloud - VCF 9 + NetAPP ONTAPVMware by Broadcom က VMware Cloud Foundation (VCF) 9.0 ကို General...
21/08/2026

Inside the Modern Private Cloud - VCF 9 + NetAPP ONTAP

VMware by Broadcom က VMware Cloud Foundation (VCF) 9.0 ကို General Availability အဖြစ် Release လုပ်ပြီးနောက် Private Cloud Architecture အပေါ် အာရုံစိုက်မှု ပိုများလာပါတယ်။ VCF 9 ရဲ့ အဓိက Concept ကတော့ VMware Virtualization ကနေ Cloud Operating Model ပါတဲ့ Private Cloud အဖြစ် ပြောင်းလဲပေးဖို့ပါ။
ဒီအတွက် VCF Operations က Infrastructure ကို Centralized Visibility နဲ့ Operations ပေးပြီး VCF Automation ကတော့ Cloud လိုမျိုး Self-Service Provisioning ပြုလုပ်နိုင်အောင် လုပ်ပေးပါတယ်။ Private Cloud တစ်ခုတည်ဆောက်တဲ့အခါ Compute နဲ့ Network တင်မကဘဲ Storage ကလည်း အရေးကြီးပါတယ်။
ဒီနေရာမှာ NetApp ONTAP ကို External Storage အဖြစ် VCF 9 နဲ့ Integrate လုပ်လိုက်ရင် Architecture ရဲ့ Flexible ဖြစ်တဲ့အကြောင်းလေးပြောချင်ပါတယ်။

VCF မှာ Domain ဆိုတာဘာလဲ?
VCF Domain ဆိုတာ Compute, Network နဲ့ Storage Resources တွေကို Logical အရ စုစည်းထားတဲ့ Infrastructure Group တစ်ခုလို့ပြောလို့ရပါတယ်။
Management Domain က VCF Environment ရဲ့ Core Management Infrastructure ဖြစ်ပြီး VCF9 မှာ Mgmt နဲ့ Operation အများစုကို VCF Operation ,vCenter တို့ကနေ Handle လုပ်ပါတယ်။
Workload Domain ကတော့ Database, Application, Web Server, VDI, Kubernetes(Tanzu) စတဲ့ Business Workloads တွေ Run ဖို့ အသုံးပြုပါတယ်။
ဒီလိုခွဲထားတာကြောင့် Management နဲ့ Business Workloads တွေကို သီးခြားစီ Manage လုပ်နိုင်ပါတယ်။

ဒါဆို Storage ကို ဘယ်လို Handle လုပ်မလဲ?
VCF ဆိုရင် vSAN ပဲ သုံးရမယ်လို့ မဟုတ်ပါဘူး။ Client တွေမှာ ရှိပြီးသား SAN ,NAS စတဲ့ Enterprise Storage Infrastructure တွေကိုလည်း External Storage အဖြစ် ဆက်လက်အသုံးပြုနိုင်ပါတယ်။
Domain Create လုပ်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့ Primary Storage ကို Principal Storage လို့ခေါ်ပြီး Domain Deployment ပြီးတဲ့နောက် ထပ်ထည့်တဲ့ Storage ကို Supplemental Storage လို့ နားလည်နိုင်ပါတယ်။ ဒါကြောင့် Existing ONTAP Storage ကို လိုအပ်တဲ့ Workload Domain တွေမှာ ထပ်မံအသုံးပြုနိုင်ပါတယ်။

ONTAP ကို ဘာကြောင့် သုံးသင့်တာလဲ?
အဓိကအချက်ကတော့Independent Scaling ပါ။HCI Architecture မှာ Storage တိုးချင်ရင် Compute Node ပါ ထပ်တိုးရတာမျိုး ရှိနိုင်ပါတယ်။ONTAP ကို External Storage အဖြစ် သုံးလိုက်ရင်တော့ Compute လိုရင် Compute တိုး Storage လိုရင် Storage တိုးပြီး Resource တစ်ခုချင်းစီကို သီးခြား Scale လုပ်နိုင်ပါတယ်။ Compute Capacity လုံလောက်နေပြီး Storage Capacity ပဲ မလုံလောက်တော့ရင် Server အသစ်တွေ ထပ်ဝယ်စရာမလိုဘဲ ONTAP Storage ကိုပဲ တိုးချဲ့နိုင်ပါတယ်။ ဒီအချက်က Infrastructure Cost နဲ့ Data Center Footprint ကို ပိုပြီး Control လုပ်နိုင်စေပါတယ်။

နောက်တစ်ချက်က Compute Offload ပါ
Storage-related Operations အချို့ကို ONTAP Storage ဘက်မှာ Handle လုပ်နိုင်တဲ့အတွက် ESXi Host ရဲ့ CPU Resources ကို Application Workloads အတွက် ပိုအသုံးချနိုင်ပါတယ်။ အထူးသဖြင့် Core-based Licensing Environment တွေမှာ Compute Core အရေအတွက်ကို လျှော့ချနိုင်ရင် Licensing Cost ကိုပါ သက်ရောက်နိုင်ပါတယ်။

Backup နဲ့ Disaster Recovery
ONTAP ရဲ့ Snapshot Technology ကို အသုံးပြုပြီး VM Data Protection ကို မြန်မြန်ဆန်ဆန် နဲ့ Efficient ဖြစ်အောင် လုပ်နိုင်ပါတယ်။
SnapCenter Plug-in for VMware vSphere နဲ့ အသုံးပြုတာနဲ့ vCenter Environment ထဲက VM တွေကို Backup, Restore လုပ်နိုင်ပါတယ်။
Traditional Full Backup လို Data အားလုံးကို အမြဲ Copy လုပ်စရာမလိုတာက Snapshot-based Protection ရဲ့ အားသာချက်တစ်ခုပါ။
Disaster Recovery အတွက်လည်း SnapMirror, MetroCluster, BlueXP Disaster Recovery စတဲ့ Technology တွေကို အသုံးပြုနိုင်ပါတယ်။
ဥပမာ SnapMirror နဲ့ Primary Site က Data ကို DR Site ဆီ Replicate လုပ်ထားနိုင်ပါတယ်။
ဒါကြောင့် Primary Site Failure ဖြစ်ခဲ့ရင် Secondary Site မှာ Workload တွေကို ပြန်လည် Run နိုင်ဖို့ Architecture တည်ဆောက်ထားနိုင်ပါတယ်။
VCF + ONTAP Architecture ကို
အကြမ်းဖျင်းအားဖြင့် ဒီလိုမြင်နိုင်ပါတယ်။

Compute > VMware ESXi ,VCF
Network > VMware + Physical Network
Storage > NetApp ONTAP
Management > VCF Management
Operations >VCF Operations
Network Virtualization > NSX

ဒီ Components တွေကို ပေါင်းစပ်လိုက်တဲ့အခါ ရိုးရိုး VMware Cluster တစ်ခုထက် ပိုတဲ့ Private Cloud Platform တစ်ခု ဖြစ်လာပါတယ်။ အနည်းငယ် ပြန်ချုံ့ရရင်
VCF 9 က Private Cloud ရဲ့ Compute, Network, Management နဲ့ Automation ,Operation ကို စုစည်းပေးပီး NetApp ONTAP ကတော့ Enterprise Storage, Data Protection, Backup နဲ့ Disaster Recovery ကို ဖြည့်ဆည်းပေးပါတယ်။

ဒါကြောင့် VMware Cloud Foundation 9 + NetApp ONTAP ဆိုတာ VMware Infrastructure ထက် ပိုပြီး Flexible, Scalable & Resilient Private Cloud Architecture တစ်ခုအဖြစ် စဉ်းစားနိုင်ပါကြောင်း ပြောရင်း ဒီမှာရင်နားပါရစေ ခင်ဗျာ။ ဖတ်ရှုမှု အတွက် ကျေးဇူးတင်ပါတယ်

မင်းကို

ATG SYSTEMS
📍 Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.

📱 +959447701033
📧 [email protected]

NetApp ASA (All-Flash SAN Array) ရဲ့ Under-the-Hood Architecture နဲ့ Enterprise Block Workloads အပြောင်းအလဲEnterprise SA...
21/08/2026

NetApp ASA (All-Flash SAN Array) ရဲ့ Under-the-Hood Architecture နဲ့ Enterprise Block Workloads အပြောင်းအလဲ

Enterprise SAN Environment (FC/iSCSI/NVMe-oF) တွေမှာ Controller Failover ကြောင့် Latency Spike တက်တာ၊ Path Tuning ရှုပ်ထွေးတာနဲ့ Provisioning Overhead တွေကို ဖြေရှင်းဖို့ NetApp က ASA ကို Pure Block-Optimized စနစ်အဖြစ် သီးသန့် Design လုပ်ထားပါတယ်။

General-purpose Unified Storage တွေနဲ့မတူဘဲ ASA ရဲ့ Deep Architectural Differentiators တွေကို မျှဝေပေးချင်ပါတယ်။
1. True Symmetric Active-Active Multipathing (No ALUA Delay)
Traditional Unified SAN: LUN တစ်ခုချင်းစီကို Controller တစ်ခုက Owner အဖြစ် သတ်မှတ်ပြီး Host I/O တွေက "Active/Optimized" path ကိုပဲ သုံးရပါတယ်။ Failover ဖြစ်ရင် path ပြောင်းရတဲ့အတွက် I/O Pause ဖြစ်တတ်ပါတယ်။
NetApp ASA: Controller နှစ်ခုစလုံးက LUN အားလုံးကို Active-Active တပြိုင်နက် Serve လုပ်ပါတယ်။ Path အားလုံးက Active/Optimized ဖြစ်နေတာကြောင့် Host-side MPIO tuning ရှုပ်ထွေးမှုမရှိဘဲ Controller တစ်ခု down သွားရင်တောင် Sub-second Failover (Zero Path Transition Latency) နဲ့ I/O drop မရှိ ဆက်သွားနိုင်ပါတယ်။
2. Modern NVMe-over-Fabrics (NVMe/FC & NVMe/TCP) Native Integration
Legacy SCSI stack ရဲ့ Single Queue Bottleneck ကိုကျော်ပြီး Massively Parallel Queue depth (64K queues x 64K commands) ကို အသုံးချနိုင်ပါတယ်။
Oracle RAC, SAP HANA နဲ့ VMware vSphere 8 Workloads တွေမှာ Latency ကို Consistent Sub-millisecond (Microsecond Level) အထိ ဆွဲချပေးနိုင်ပြီး Database Query time တွေကို သိသိသာသာ မြန်ဆန်စေပါတယ်။
3. Zero Performance Impact Inline Data Reduction (IDR)
Inline Zero Elimination, Deduplication, Compression နဲ့ Compaction တွေကို Storage Pipeline ထဲမှာ Hardware-assisted Architecture နဲ့ တွက်ချက်ပါတယ်။
3:1 Effective Capacity Guarantee ပေးထားပေမယ့် NVMe write path latency ပေါ် Impact မရှိဘဲ Flash Media Wear-out (Endurance) ကိုပါ သက်သာစေပါတယ်။
4. Autonomous Ransomware Protection (ARP/SAN)
File storage တင်မကဘဲ Block Level မှာပါ Workload I/O Entropy Pattern တွေကို Machine Learning နဲ့ Real-time စောင့်ကြည့်ပါတယ်။
Abnormal encryption activity တွေ့တာနဲ့ Immutable, Tamper-proof Snapshot (SnapLock/Tamper-Proof Snapshots) ကို Trigger လုပ်ပြီး ချက်ချင်း Isolation လုပ်ပေးပါတယ်။

Architecture Fit:
Mission-Critical DBs (Oracle, MS SQL), Tier-1 VMware/Hyper-V Farm တွေနဲ့ Low-Latency Transactional Workloads တွေအတွက် Pure Block Performance + Non-disruptive Operations (NDO) ကို လိုအပ်တဲ့ Enterprise Data Center တွေမှာ ASA က Best-fit Architecture ဖြစ်ပါတယ်။



ATG SYSTEMS
📍 Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.

📱 +959447701033
📧 [email protected]

AWS ACM မှာ Email Validation စနစ်ကို မကြာမီ ရပ်ဆိုင်းတော့မည်ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က AWS Security Blog မှာ အရေးကြီးတ...
20/08/2026

AWS ACM မှာ Email Validation စနစ်ကို မကြာမီ ရပ်ဆိုင်းတော့မည်

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က AWS Security Blog မှာ အရေးကြီးတဲ့ ကြေညာချက်တစ်ခု ထွက်လာပါတယ်။ AWS Certificate Manager (ACM) ဟာ Public Certificate တွေအတွက် Email Validation အသုံးပြုခြင်းကို ၂၀၂၇ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့နောက်ပိုင်းမှာ ဆက်လက် ထောက်ပံ့ပေးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
တကယ်တော့ ဒါဟာ AWS တစ်ခုတည်းက သီးသန့်ချမှတ်လိုက်တဲ့ စည်းမျဉ်းမဟုတ်ပါဘူး။ Internet တစ်ခုလုံးက Certificate တွေ၊ Browser တွေနဲ့ ပတ်သက်ပြီး စံနှုန်းတွေ သတ်မှတ်ပေးနေတဲ့ CA/B Forum (Certification Authority/Browser Forum) ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာတာပါ။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက အဲဒီအဖွဲ့ကနေ ၂၀၂၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ကစပြီး Email-based Domain Validation စနစ်ကို လုံးဝ ရပ်ဆိုင်းဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီရက် နောက်ပိုင်းဆိုရင် ဘယ် Certificate Authority (CA) ကပဲ ထုတ်ပေးထားတာဖြစ်ဖြစ်၊ Email နဲ့ Validate လုပ်ထားတဲ့ Certificate တွေကို Browser တွေက ဆက်ပြီး Trust လုပ်တော့မှာ မဟုတ်ပါဘူး။
ACM အနေနဲ့ကတော့ Customer တွေ အလျင်စလို မဖြစ်ရအောင်နဲ့ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရအောင် CA/B Forum ရဲ့ Deadline ထက် တစ်နှစ်စောပြီး ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ဘာလို့ Email Validation ကို ဆက်မသုံးသင့်တော့တာလဲ?
Email Validation ဆိုတာ Certificate တောင်းတဲ့အခါ admin@, webmaster@ စတဲ့ သတ်မှတ်ထားတဲ့ လိပ်စာတွေဆီ အတည်ပြုစာ (Email) ပို့ပြီး၊ စာထဲက Link ကို လူတစ်ယောက်က ကိုယ်တိုင် ဝင်နှိပ်ပေးရတဲ့ စနစ်ပါ။
ဒီစနစ်ရဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ Operation ပိုင်းနဲ့ လူအမှား (Human Error) ပါပဲ။ Certificate သက်တမ်းတိုး (Renew) လုပ်ရမယ့် အချိန်တိုင်းမှာ တာဝန်ရှိသူ တစ်ယောက်ယောက်က Mailbox ဝင်စစ်ပြီး အမြဲတမ်း နှိပ်ပေးနေရပါတယ်။ တကယ်လို့များ အဲဒီတာဝန်ယူထားတဲ့ ဝန်ထမ်းက အလုပ်က ထွက်သွားတာမျိုး၊ ဒါမှမဟုတ် အလုပ်များနေလို့ ဝင်မနှိပ်မိတာမျိုး ဖြစ်သွားရင် ဘာဆက်ဖြစ်မလဲ? Certificate သက်တမ်းကုန်သွားပြီး Website မှာ Security Warning တွေ တက်လာပါမယ်။ နောက်ဆုံးမှာ Production Environment မှာ မလိုလားအပ်တဲ့ Downtime တွေ ကြုံလာရနိုင်ပါတယ်။
ဒီအတွက်ကြောင့် အခုနောက်ပိုင်းမှာ DNS နဲ့ HTTP Validation တွေကိုပဲ အဓိက ပြောင်းလဲအသုံးပြုလာကြပါပြီ။ ဒီစနစ်တွေမှာတော့ Manual ဝင်နှိပ်ပေးရတဲ့ အဆင့်တွေ မလိုတော့ဘဲ ACM ကနေ လိုအပ်တဲ့အချိန်မှာ အလိုအလျောက် သက်တမ်းတိုး (Auto-renew) လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်ထားရမည့် အရေးကြီး ရက်စွဲ (၄) ခု
• ၂၀၂၇၊ ဇန်နဝါရီ ၁ — AWS Region အသစ်တွေမှာ Email Validation စနစ်ကို လုံးဝ အသုံးပြုခွင့် ပေးတော့မည် မဟုတ်ပါ။
• ၂၀၂၇၊ မတ် ၃၁ — Region အားလုံးမှာ Certificate အသစ်တောင်းခံတဲ့အခါ Email Validation ကို ရွေးချယ်ခွင့် ရှိတော့မည် မဟုတ်ပါ။
• ၂၀၂၇၊ စက်တင်ဘာ ၃၀ — (အရေးအကြီးဆုံးရက်) Email Validation နဲ့ လက်ရှိ အသုံးပြုနေတဲ့ Certificate တွေကို ACM က ဆက်လက် Renew လုပ်ပေးတော့မည် မဟုတ်ပါ။
• ၂၀၂၈၊ မတ် ၁၅ — CA/B Forum ရဲ့ တရားဝင် နောက်ဆုံးရက် (Deadline)။ ဒီရက်စွဲမတိုင်ခင် ထုတ်ထားပြီးသား Certificate တွေကတော့ သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်လက် အသုံးပြုလို့ ရပါသေးတယ်။
ဒီအပြောင်းအလဲကနေ ကျွန်တော်တို့ သတိထားမိနိုင်တာကတော့ အရင်လို လူကိုယ်တိုင် ဝင်နှိပ်ပေးရတဲ့ Manual ခေတ်ကနေ၊ စနစ်က သူ့ဟာသူ အလိုအလျောက် အတည်ပြုပေးတဲ့ Automation ခေတ်ကို အပြည့်အဝ ကူးပြောင်းနေပြီ ဆိုတာပါပဲ။ Infrastructure တစ်ခုမှာ ကိုယ်တိုင် ဝင်လုပ်ရတဲ့ Manual အဆင့်တွေ ကျန်နေသရွေ့တော့၊ တစ်နေ့နေ့မှာ လူတစ်ယောက်ရဲ့ မေ့လျော့မှုကြောင့် မျှော်လင့်မထားတဲ့ အချိန်မှာ Downtime ဖြစ်နိုင်ချေက အမြဲတမ်း ရှိနေမှာပဲ ဖြစ်ပါတယ်။



ATG SYSTEMS
📍 Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.

📱 +95 996 097 5342
📱 +95 976 674 8651
📧 [email protected]

🔔 Microsoft Copilot App Experience Update၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၈ ရက် မှစတင်ပြီး Microsoft က Microsoft Copilot ရဲ့  web, de...
18/08/2026

🔔 Microsoft Copilot App Experience Update

၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၈ ရက် မှစတင်ပြီး Microsoft က Microsoft Copilot ရဲ့ web, desktop နှင့် mobile app experience များကို update ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ update ဟာ အသုံးပြုသူများအနေနဲ့ work account နဲ့ personal account ကို ပိုမိုလွယ်ကူစွာ ခွဲခြားအသုံးပြုနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။
ယခု update ကြောင့် Copilot အသုံးပြုမှု experience ကလည်း ပိုမိုရှင်းလင်း၊ ရိုးရှင်းပြီး organization များနှင့် users များအတွက် ပိုမိုယုံကြည်စိတ်ချရသော experience ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

ဒါဆိုဘာတွေ ပြောင်းလဲလာမလဲ ကြည့်ရအောင် .....
• Work account သုံးနေသလား၊ personal account သုံးနေသလား ဆိုတာကို ပိုမိုရှင်းလင်းစွာ မြင်နိုင်မည့် account indicators များပါလာမှာဖြစ်ပါတယ်။
• Microsoft Entra work account များအတွက် green shield indicator များထည့်သွင်းပေး ထားမှာဖြစ်ပါတယ်။
• Account ခွဲခြားသိနိုင်ရန် distinct visual backgrounds များလည်းပါရှိလာပါမယ်။
• ပိုမိုရိုးရှင်းသော Microsoft Copilot app name နှင့် icon တွေအဖြစ်ပြောင်းလဲ ထားပေးပါမယ်။
• Web app URL ကို m365.cloud.microsoft မှ copilot.cloud.microsoft သို့ ပြောင်းလဲ ပေးထားမှာဖြစ်ပါတယ်။

ဆိုတော့ အသုံးပြုသူများကို Copilot web URL အသစ်သို့ အလိုအလျောက် redirect လုပ်ပေးမှာဖြစ်ပါသည်။ သို့သော် organization ရဲ့ network, proxy, firewall သို့မဟုတ် access policies များမှ URL အသစ်ကို block လုပ်ထားပါက access ပြဿနာတွေရှိနိုင်ပါတယ်။ Organization ရဲ့ Network၊ Proxy၊ Firewall သို့မဟုတ် Access Policy များမှ URL အသစ်ကို ဝင်ရောက်အသုံးပြုခွင့် ပိတ်ပင်ထားခြင်းမရှိပါက၊ အသုံးပြုသူများအနေနဲံ Copilot ၏ Web URL အသစ်သို့ အလိုအလျောက် direct ပေးသွားမှာဖြစ်ပါတယ်။

Microsoft ရဲ့ existing security, compliance နှင့် governance controls များမှာ ပြောင်းလဲမှုမရှိဘဲ ဆက်လက်အသုံးပြုနိုင်လို့လည်း ပြောထားပါသေးတယ်။

IT teams နှင့် customers များအနေဖြင့် ကြိုတင်စစ်ဆေးသင့်သော အချက်များ:
• copilot.cloud.microsoft ကို current network, proxy, firewall သို့မဟုတ် access policies များမှ block မလုပ်ထားကြောင်း စစ်ဆေးပါ။
• လိုအပ်ပါက *.cloud.microsoft ကို organization allow list ထဲသို့ ထည့်သွင်းပါ။
• URL transition မတိုင်မီ connectivity နှင့် network readiness ကို validate ပြုလုပ်ပါ
• နောက်ထပ် updates များအတွက် Microsoft 365 Copilot partner guidance နှင့် Message Center communications များကို review ပြုလုပ်ပါ။

Updated Windows နှင့် Mac desktop app experience ၏ early preview ကို ဩဂုတ် ၁၈ ရက်တွင် စတင်မှာဖြစ်ပြီး broad deployment ကို စက်တင်ဘာလ အလယ်ပိုင်းမှ စတင်သွားမည်ဖြစ်ပါသည်။

✅ ဒီ update ဟာ users များအနေဖြင့် မှန်ကန်သော Copilot experience ကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ကူညီပေးပြီး enterprise protection နှင့် management controls များကို ဆက်လက်ထိန်းသိမ်းထားနိုင်စေမှာဖြစ်ပါတယ်။



ATG SYSTEMS
📍 Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.

📱 +95 996 097 5342
📱 +95 976 674 8651
📧 [email protected]

AI Supercycle — AI ခေတ်သစ်အတွက် သင့်လုပ်ငန်း အဆင်သင့်ဖြစ်ပြီလား?ATG Group နဲ့ သင့် business ရဲ့အရေးကြီးတဲ့ AI transforma...
16/08/2026

AI Supercycle — AI ခေတ်သစ်အတွက် သင့်လုပ်ငန်း အဆင်သင့်ဖြစ်ပြီလား?

ATG Group နဲ့ သင့် business ရဲ့အရေးကြီးတဲ့ AI transformation ကို ဘာကြောင့်လက်တွဲလုပ်သင့်သလဲ ?

AI ဟာ Trend တစ်ခုတင် မဟုတ်တော့ပါဘူးဆိုတာသေချာပါတယ်

နောက်လာမယ့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံကလုပ်ငန်းတိုင်းကို ပြောင်းလဲစေမယ့် Business & Technology Supercycle တစ်ခု ဖြစ်လာနေပါပြီဆိုတာကျွန်တော်တို့လက်ခံရပါမယ် ။ နောက်ကျရင်တော့ သင့် business ကျန်ခဲ့မှာအသေချာမှာပါ ။

Business အားလုံးက Connected ဖြစ်နေတာ။

ဒီမှာ AI Supercycle အတို Timeline ကိုပြောချင်ပါတယ်

2022–2025 → AI Models & GPU Boom
2024–2027 → Data Center & AI Infrastructure Boom
2025–2029 → Enterprise AI Adoption
2026–2030+ → AI Agents & Automation
2030+ → Robotics, Physical AI & Autonomous Systems

အသေးစိတ်ပြောရရင် :

2022–2025 | AI Model & GPU Boom
ChatGPT နဲ့ Generative AI ပေါ်ထွက်လာပြီး AI Models, GPU, Computing Power လိုအပ်ချက် အရှိန်အဟုန်နဲ့ တိုးလာတဲ့ကာလ။

2024–2027 | AI Infrastructure Boom
AI အတွက် Data Center, GPU Server, Storage, Network, Cloud, Power & Cooling ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် တိုးလာတဲ့ကာလ။

2025–2029 | Enterprise AI Adoption
Banking, Healthcare, Government, Retail စတဲ့ လုပ်ငန်းတွေမှာ AI ကို Business Process တွေထဲ စတင်အသုံးချလာတဲ့ကာလ။

2026–2030+ | AI Agents & Automation
AI က မေးခွန်းဖြေတဲ့အဆင့်ကနေ အလုပ်ကို ကိုယ်တိုင်လုပ်ပေးနိုင်တဲ့ AI Agents အဖြစ် ပြောင်းလဲလာပြီး Workflow Automation ပိုများလာမယ့်ကာလ။

2030+ | Physical AI & Autonomous Systems
Robotics, Autonomous Vehicles, Smart Factories စတဲ့ Physical World ထဲ AI ဝင်ရောက်လာမယ့်ကာလ။

AI သွားပြီဆို လိုအပ်မှာကတော့

Better AI → More Computing → More Infrastructure → More AI Applications → Higher Productivity → More Investment → Better AI

အခု Myanmar လုပ်ငန်းတွေအတွက်လည်း AI ကို Software တစ်ခု ဝယ်သုံးရုံနဲ့ မလုံလောက်ပါဘူး။နောက်ကျမကျန်ခဲ့ချင်ရင်ပေါ့ ။ connected ဖြစ်နေတဲ ခေါတ်မှာ ကိုယ်နဲ့ မဆိုင်သလိုနေလို့မရပါဘူး

Infrastructure + Data Center + Cloud + AI Applications + People အားလုံးကို အဆင်သင့်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ Cloud သွားသွား on prem သွားသွား မမှားဖို့ နည်းပညာ expert company လိုပါတယ်

ဒီ AI Journey တစ်ခုလုံးအတွက် ATG Group က End-to-End ပံ့ပိုးပေးနိုင်တာတော့သေချာပါတယ်။

ATG Systems → AI Infrastructure, Cloud & Cybersecurity
Native → Data Center, Power, Cooling & Smart Infrastructure ,Robotics
MSIS → AI enabled Applications, Data , AI Agents & Automation
IAT → AI Training & Talent Development

ICT Eexpert professional 350+ နဲ့ဖွဲစည်းထားပြီး AI deployment partner အတွက် ready ဖြစ်နေပါပြီ

Infrastructure → AI → People → Business Transformation

AI ကို သင့်လုပ်ငန်းနောက်မကျဖို့ စောင့်ကြည့်နေရမယ့်အချိန် မဟုတ်တော့ပါဘူး။ AI အတွက် အဆင်သင့်ဖြစ်အောင် စတင်တည်ဆောက်ရမယ့်အချိန်ပါ။

ATG Group ကလဲ သင့် AI supercycle မှာ မှန်ကန်တဲ့ strategy ချပေးပြီး လက်တွဲဖေါ်အဖြစ်ရပ်တည်ပေးသွားမှာပါ

ATG Group
Your End-to-End AI Transformation Partner in Myanmar.

ZMO


:::

14/08/2026

၂၀၂၆ မှာ AI ခေတ်က "မေးရင် ဖြေပေးရုံ" Chatbot အဆင့်ထက် အများကြီး ပိုလွန်သွားပါပြီ။

အခုဆိုရင် ကိုယ့်အလုပ်၊ ကိုယ့် Organization ရဲ့ Context ကို အပြည့်အဝ နားလည်ပြီး ကိုယ်တိုင် စဉ်းစား၊ ဆုံးဖြတ်၊ Action ယူပေးနိုင်တဲ့ Agentic AI ခေတ်ကို ရောက်နေပါပြီ။ 🤖✨

Microsoft ကလည်း ဒီ Agentic Vision အတွက် Copilot Studio, Work IQ နဲ့ MCP (Model Context Protocol) တွေကို ပေါင်းစပ်ပြီး Powerful ဖြစ်တဲ့ Enterprise AI Architecture တစ်ခုကို ပုံဖော်ပေးထားတာ တွေ့ရပါတယ်။

💡 ဒီ အပြောင်းအလဲ Transformation မှာ ဘာတွေ ထူးခြားလာလဲ?
၁။ Work IQ – အလုပ်ရဲ့ Business Context ကို နားလည်လာခြင်း
ရိုးရိုး AI က Data တစ်ခုထဲကိုပဲ ကြည့်ပြီး အဖြေထုတ်ပေးတာပါ။ Work IQ ကတော့ မတူပါဘူး။ ကိုယ့်ရဲ့ Emails, Teams Chats, Meetings, Calendar, SharePoint documents တွေရဲ့ ဆက်စပ်မှုကို နားလည်ပြီး "ဒီ Project မှာ ဘယ်သူက Approver လဲ?"၊ "နောက်ဆုံး Meeting မှာ ဘာ ဆုံးဖြတ်ချက်ချခဲ့လဲ?" ဆိုတဲ့ Real Business Context ကိုပါ သဘောပေါက်ပေးပါတယ်။

၂။ Copilot Studio + MCP Server – စွမ်းဆောင်ရည် အကန့်အသတ်မရှိ ဖြစ်လာခြင်း
MCP ဆိုတဲ့ Standardized Protocol ကြောင့် Agent တွေဟာ Microsoft ecosystem မကဘဲ External Databases, CRM, ERP, Third-party APIs တွေနဲ့ပါ တိုက်ရိုက် ချိတ်ဆက် အလုပ်လုပ်နိုင်သွားပါပြီ။

၃။ Choice of AI Models – ကိုယ်ကြိုက်ရာ AI model ကို ရွေးချယ် တည်ဆောက်နိုင်ပါတယ်
အရင်တုန်းကလို Copilot မှာ မေးရင် GPT လောက် မကောင်းပါဘူး၊ Claude လို အဖြေမထွက်ပါဘူး လို့ ထင်မနေပါနဲ့တော့။
Copilot Studio မှာ Scenario အလိုက် OpenAI GPT ပဲဖြစ်ဖြစ်၊ Anthropic Claude ပဲဖြစ်ဖြစ် သင့်တော်တဲ့ နောက်ဆုံးထွက် AI Model (Brain) ကို စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်လာပါပြီ။

၄။ Enterprise Security & Governance
Data Safety (Data တွေရဲ့ လုံခြုံရေး) က Enterprise တွေအတွက် အသက်ပါ။ Work IQ က User ရဲ့ Existing Permissions နဲ့ Access Control တွေကို အပြည့်အဝ လိုက်နာတာကြောင့် မမြင်သင့်တဲ့ Data တွေကို AI Agent က လျှောက်ကြည့်မှာ စိုးရိမ်စရာ မလိုပါဘူး။

🧠 Modern AI Architecture ရဲ့ ပုံရိပ်ကို အလွယ်ကြည့်ရရင် –
• Brain: GPT / Claude (Reasoning & Language)

• Work Context: Work IQ (Real-time M365 Signals)

• Tools & Connectivity: MCP Server

• Domain Knowledge: Enterprise Data & Documents

• Actions: Automated Workflows (Email ပို့တာ၊ Record Update လုပ်တာ စသည်)

ဒါတွေ အားလုံး ပေါင်းစပ်လိုက်တဲ့အခါ AI က ရိုးရိုး Chatbot မဟုတ်တော့ဘဲ ကိုယ့် အဖွဲ့အစည်းရဲ့ Digital Employee တစ်ယောက်လို စွမ်းဆောင်ပေးနိုင်လာတာဖြစ်ပါတယ်။

🚀 မိမိတို့ရဲ့ Business Workflow တွေကို Agentic AI နည်းပညာတွေနဲ့ ပိုမို Smart ကျကျ Automate လုပ်ချင်ပါသလား?

Copilot Studio, Work IQ နဲ့ Enterprise AI Solutions တွေကို သင့် လုပ်ငန်းနဲ့ အကိုက်ညီဆုံး အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ ATG Systems ကို ဆက်သွယ် ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။ 💼🤝



ATG SYSTEMS
📍 Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.

📱 +95 996 097 5342
📱 +95 976 674 8651
📧 [email protected]

🎬 Autodesk Maya 2027 — 3D Modeling တစ်ခုတည်းမဟုတ်ဘဲ Blockbuster ရုပ်ရှင်တွေအထိ ဖန်တီးပေးနေတဲ့ 3D PlatformAutodesk Maya ဆ...
12/08/2026

🎬 Autodesk Maya 2027 — 3D Modeling တစ်ခုတည်းမဟုတ်ဘဲ Blockbuster ရုပ်ရှင်တွေအထိ ဖန်တီးပေးနေတဲ့ 3D Platform
Autodesk Maya ဆိုတာ 3D Modeling အတွက်ပဲ အသုံးပြုတဲ့ Software တစ်ခုမဟုတ်ပါဘူး။
Character Creation, Rigging, Animation, Visual Effects, Simulation, Lighting နဲ့ Rendering အထိ လုပ်ဆောင်နိုင်တဲ့အတွက် ရုပ်ရှင်၊ Animation၊ Game Cinematic နဲ့ VFX Production တွေမှာပါ Professional တွေအသုံးများတဲ့ 3D Platform တစ်ခုဖြစ်ပါတယ်။
✨ Maya နဲ့ ဘာတွေဖန်တီးနိုင်လဲ?
• Character & Animation
• Movie & Cinematic Production
• Visual Effects & Simulation
• AI-Assisted Animation
• Professional Production Pipeline

🎥 ဒါဟာ ရုပ်ရှင်တွေမှာ တကယ်အသုံးပြုနေတဲ့ Technology ဖြစ်ပါတယ်။ Maya ကိုအသုံးပြု ပြီးဖန်တီးထားတဲ့ ရုပ်ရှင်အချို့ကို လေ့လာကြည့်ရအောင် ....
Avatar
James Cameron ရဲ့ Avatar မှာ Autodesk Maya ကို Visual Effects, Animation, Rendering နဲ့ Final Scene Creation တွေအတွက် အသုံးပြုခဲ့ပါတယ်။ Pandora ရဲ့ world နဲ့ Na'vi တွေကို ဖန်တီးရာမှာ Autodesk ရဲ့ Maya နဲ့ အခြား Digital Production Tools တွေက အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
Transformers
Transformers ရုပ်ရှင်မှာ Industrial Light & Magic (ILM) က Maya ကို Character Animation အတွက် အသုံးပြုခဲ့ပြီး Autobots တွေရဲ့ ကားကနေ စက်ရုပ်အဖြစ် ပြောင်းလဲတဲ့ Transformations နဲ့ Robot Facial Animation တွေမှာလည်း Maya ကို အသုံးပြုခဲ့ပါတယ်။
Spider-Man: Into the Spider-Verse & Across the Spider-Verse
Sony Pictures Imageworks ရဲ့ Character Production Pipeline မှာ Maya ဟာ နှစ်ပေါင်းများစွာ အရေးကြီးတဲ့ Platform တစ်ခုအဖြစ် အသုံးပြုလာခဲ့ပါတယ်။ Spider-Verse films တွေကလည်း အဲဒီ Production Pipeline ရဲ့ နောက်ဆုံးပိုင်းမှာ ပါဝင်ပါတယ်။
Guardians of the Galaxy Vol. 3
Framestore ရဲ့ Character နဲ့ Creature work တွေမှာ Maya ကို အသုံးပြုခဲ့ပါတယ်။ Autodesk ကိုယ်တိုင်လည်း ဒီ Production ကို Maya ရဲ့ Film/VFX workflow example အဖြစ် ဖော်ပြထားပါတယ်။
Terminator / Star Trek / Harry Potter
ILM ရဲ့ Visual Effects Production တွေမှာ Maya နဲ့ Autodesk ရဲ့ အခြား VFX Software တွေကို အသုံးပြုခဲ့ပါတယ်။
FINAL FANTASY XVI
Maya ဟာ Film တွေအတွက်သာမက Game Character, Animation နဲ့ Cinematic Production တွေမှာလည်း အသုံးပြုနေတဲ့ Professional Tool တစ်ခုဖြစ်ပါတယ်။ Autodesk က FINAL FANTASY XVI ကို Maya အသုံးပြုထားတဲ့ Game Production example တစ်ခုအဖြစ် ဖော်ပြထားပါတယ်။

ကဲ ဒါဆို Maya 2027 မှာ ဘာစိတ်ဝင်စားစရာကောင်းတဲ့ Update တွေထပ်ပါလာလဲ လေ့လာကြည့်ရအောင် —
Motion Maker – AI နည်းပညာကို အသုံးပြုထားတဲ့ Character Animation Tool ဖြစ်ပြီး၊ အခြေခံညွှန်ကြားချက်တွေအပေါ် မူတည်ပြီး Character ရဲ့ လှုပ်ရှားမှုတွေကို ဖန်တီးပေးနိုင်ပါတယ်။ Animator တွေအနေနဲ့ Animation တွေကို ပိုမိုမြန်ဆန်စွာ ဖန်တီးပြီး ပြန်လည်ပြင်ဆင်နိုင်ပါတယ်။
Integrated Skin Tools – Character Skinning ပိုင်းမှာ Layer-based Workflow, Masking, Mirroring နဲ့ Character Deformation တွေကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။
Smart Bevel – Hard-surface Modeling ပြုလုပ်ရာမှာ Boolean Operation တွေပြီးတဲ့နောက် Bevel တွေကို ပိုမိုသန့်ရှင်းကောင်းမွန်စွာ ဖန်တီးနိုင်ပြီး၊ နောက်ပိုင်းမှာလည်း ပြန်လည်ပြင်ဆင်နိုင်တဲ့ Workflow ကို ထိန်းသိမ်းပေးထားပါတယ်။
New Sequencer – Shot တွေ၊ Timeline တွေ၊ Camera တွေ၊ Audio တွေနဲ့ Cinematic Sequence တွေကို စီမံခန့်ခွဲဖို့ ပိုမိုကောင်းမွန်တဲ့ Tools တွေ ထည့်သွင်းပေးထားပါတယ်။
Bifrost 3 – Physics, Destruction, Liquid နဲ့ အခြား Visual Effects တွေအတွက် Procedural Workflow နဲ့ Simulation စွမ်းဆောင်ရည်တွေကို ပိုမိုမြှင့်တင်ပေးထားပါတယ်။
OpenUSD Improvements – Professional Production Pipeline တွေမှာ Complex ဖြစ်တဲ့ 3D Assets တွေကို တည်ဆောက်ခြင်းနဲ့ စီမံခန့်ခွဲခြင်းတွေကို ပိုမိုလွယ်ကူစေဖို့ OpenUSD Workflow တွေကို မြှင့်တင်ပေးထားပါတယ်။
Autodesk Assistant – AI နည်းပညာကို အသုံးပြုထားတဲ့ Assistant ဖြစ်ပြီး Maya ရဲ့ Tools တွေနဲ့ Workflow တွေကို ရှာဖွေသုံးစွဲရာမှာ ပိုမိုလွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။
3D ကို စတင်လေ့လာနေသူတွေအတွက်တော့ Blender ဟာ အခမဲ့ဖြစ်တဲ့အတွက် အလွန်ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်နေဆဲပါ။ အထူးသဖြင့် Indie Game Development နဲ့ Godot အတွက် အသုံးဝင်ပါတယ်။

💡 Maya ကို သင်ယူရတာ လွယ်ကူပါသလား?
အစပိုင်းမှာ Maya ရဲ့ Interface နဲ့ Tools အရေအတွက်များတာကြောင့် အနည်းငယ်ရှုပ်ထွေးတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အခြေခံ Workflow ကို နားလည်သွားပြီဆိုရင်—
Model → Rig → Animate → Simulate → Light → Render ဆိုတဲ့ အဆင့်လိုက် Workflow နဲ့ ကိုယ့်ရဲ့ 3D Character တစ်ခုကို စတင်ဖန်တီးပြီး Movie၊ Animation၊ Game Cinematic နဲ့ VFX Scene တစ်ခုအဖြစ် အဆုံးထိ ဖန်တီးနိုင်ပါတယ်။
Autodesk Maya 2027
• Create Characters.
• Animate Stories
• Build Worlds.

Address

Yangon

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Telephone

+9595172969

Alerts

Be the first to know and let us send you an email when ATG Systems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ATG Systems:

Shortcuts

Share