Issa Solutions We offer free F&B training, jobs & legal support to the immigrant community of Thailand. 🇹🇭

31/07/2026

3 နာရီပဲ အိပ်ထားရလဲ ဖြစ်တယ်နော် အေးဆေးပဲ 😉

#ရွှေမြန်မာ #ထိုင်းရောက်မြန်မာပြည်သားများ #အလုပ် #အခွင့်အရေး #หางาน #แรงงานในไทย #หางานทำ #หาคนงาน #คนลาวในไทย #ต่อเอกสารแรงงานต่างด้าว #สมัครงาน #รับสมัคพนักงาน #ทำงานในกรุงเทพ #หางานในกรุงเทพ #กรุงเทพ

30/07/2026

အလုပ်ရှင်က သင့်ကိုဘာဖြစ်လို့ မရွေးချယ်တာလဲ.... Episode (5)
အင်တာဗျူးတွေဖြေတိုင်း အရွေးချယ်မခံရတာ ဘာလိုအပ်ချက်တွေရှိလို့လဲ။
ဘယ်လိုတွေ ပြင်ဆင်သွားရမလဲဆိုတာကို အသေးစိတ် ရှင်းပြပေးထားပါတယ်။ 🙌
📍Issa Solutions မှာရှိတဲ့အလုပ်တွေက ထိုင်းစကားလိုအပ်ချက်များတာကြောင့် 🇹🇭ထိုင်းစကားရရင်တော့ အလုပ်ရဖို့ အခွင့်အရေးများပါတယ်နော်။အဲ့ဒါကြောင့် ထိုင်းစကားလေ့လာထားဖို့ တိုက်တွန်းလိုပါတယ်။
🗣️ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေလိုသူများ၊ စာရွက်စာတမ်းကိစ္စများ ဆွေးနွေးမေးမြန်းလိုသူများအတွက် Issa ရုံးကို
🕙 တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လာရောက်ဆွေးနွေးနိုင်ပါသည်။
📍 Issa ရုံး – ဆူခွန်ဝစ် ၄၉ လမ်းထိပ်၊ BTS Thong Lo အနီး
📱 Line:
☎️ 082 745 1265
#ရွှေမြန်မာ #ထိုင်းရောက်မြန်မာ #အလုပ်အကိုင် #အခွင့်အရေး #หางาน #แรงงานไทย #คนไทย #งานร้านอาหาร

📢 Career Opportunities at Issa Solutions✨ လူငယ်များအတွက် အခွင့်အလမ်းသစ် — Issa Solutions တွင် အလုပ်လျှောက်ထားလိုက်ပါ📌 Op...
30/07/2026

📢 Career Opportunities at Issa Solutions

✨ လူငယ်များအတွက် အခွင့်အလမ်းသစ် — Issa Solutions တွင် အလုပ်လျှောက်ထားလိုက်ပါ

📌 Open Positions
👥 Community Operations Coordinator
🎓 Soft Skills & Thai Language Trainer
💼 Student Interns

📄 ရာထူးတစ်ခုချင်းစီ၏ အသေးစိတ် Job Description ကို ပုံတစ်ပုံချင်းစီတွင် ကြည့်ရှုနိုင်ပါသည်။

စိတ်ဝင်စားပြီး လျှောက်ထားလိုပါက CV ကို အောက်ပါ Email သို့ ပေးပို့နိုင်ပါသည်။
📩 [email protected]

We look forward to welcoming talented individuals to the Issa Solutions team.

🚨 ပန်းရောင်ကတ်တွေ မမှားကြစေဖို့......ထိုင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများအတွက် ပန်းရောင်ကတ်လို့ပြောတဲ့အခါ ပန်...
30/07/2026

🚨 ပန်းရောင်ကတ်တွေ မမှားကြစေဖို့......

ထိုင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများအတွက် ပန်းရောင်ကတ်လို့ပြောတဲ့အခါ ပန်းရောင်ကတ် (Non Thai ID Card) နှင့် ဝေါ့ပါမစ်ကတ် - အလုပ်လုပ်ခွင့်ကတ် ကွဲကွဲပြားပြား သိထားဖို့လိုမယ်နော်

ဘယ်ကတ်က ဘာအတွက်လဲ❓
ဘယ်ကတ်ရှိရင် တရားဝင် အလုပ်လုပ်လို့ရတာလဲ❓
ဒီ Post မှာ အလွယ်ဆုံး ရှင်းပြပေးထားပါတယ် 👇

🩷 ပန်းရောင်ကတ် (Non-Thai ID Card)
ပန်းရောင်ကတ်ဆိုတာ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသားတွေအတွက် ထုတ်ပေးတဲ့ အထောက်အထားကတ် (ID Card) ဖြစ်ပါတယ်။

✅ ဘာတွေအတွက် အသုံးဝင်လဲ?
• မိမိ၏ အထောက်အထား (ID) အဖြစ် အသုံးပြုနိုင်သည်။
• ဘဏ်အကောင့်ဖွင့်ခြင်း၊ ဆေးရုံတက်ရောက်ကုသခြင်း၊ SIM Card မှတ်ပုံတင်ခြင်း စတဲ့ ဝန်ဆောင်မှုအချို့မှာ အသုံးပြုနိုင်သည်။ (သက်ဆိုင်ရာအဖွဲ့အစည်း၏ စည်းမျဉ်းသတ်မှတ်ချက်အပေါ် မူတည်နိုင်ပါသည်။)
• ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော နိုင်ငံခြားသားဖြစ်ကြောင်း သက်သေပြနိုင်သည်။

❌ သတိထားရမယ့်အချက်
ပန်းရောင်ကတ်တစ်ခုတည်းနဲ့ တရားဝင်အလုပ်လုပ်ခွင့် မရပါ။

💼 Work Permit (အလုပ်လုပ်ခွင့်ကတ်)
Work Permit ဆိုတာ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း ဖြစ်ပါတယ်။ မဖြစ်မနေ ထုတ်ယူဖို့အတွက် လိုအပ်ပါတယ်။

✅ ဘာတွေအတွက် အသုံးဝင်လဲ?
• ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်နိုင်သည်။
• အလုပ်ရှင်အမည်၊ အလုပ်အမျိုးအစားနှင့် ခွင့်ပြုထားသည့် သက်တမ်းတို့ကို ဖော်ပြထားသည်။
• အလုပ်လုပ်နေစဉ် ဥပဒေအရ အလုပ်လုပ်ခွင့်ရှိကြောင်း သက်သေပြနိုင်သည်။

❌ သတိထားရမယ့်အချက်
Work Permit သည် နိုင်ငံခြားသား ID Card ကို အစားထိုးပေးသော ကတ်မဟုတ်ပါ။

💬 ကိုယ်ကိုင်ထားတဲ့ "ပန်းရောင်ကတ်" က ဘယ်ကတ်အမျိုးအစားလဲ သိကြလား?
နားမလည်တာ၊ သိချင်တာရှိရင် Comment မှာ မေးထားခဲ့နိုင်ပါတယ်။ Issa Solutions က အတတ်နိုင်ဆုံး ဖြေကြားပေးသွားပါမယ်။ 😊

🇹🇭 #ရွှေမြန်မာ🇲🇲🇲🇲🇲🇲 #ထိုင်းရောက်မြန်မာပြည်သားများ #အလုပ် #အခွင့်အရေး #หางาน #แรงงานในไทย #หางานทำ #หาคนงาน #คนลาวในไทย #ต่อเอกสารแรงงานต่างด้าว #สมัครงาน #รับสมัคพนักงาน #ทำงานในกรุงเทพ #หางานในกรุงเทพ #กรุงเทพ

29/07/2026

Issa နဲ့ထွေရာလေးပါးပြောကြမယ်

📢 ရုံးပိတ်ရက် အသိပေးကြေညာခြင်းမနက်ဖြန် အင်္ဂါနေ့၊ ဇူလိုင်လ (၂၈) ရက် သည် H.M. King Maha Vajiralongkorn Phra Vajiraklaocha...
27/07/2026

📢 ရုံးပိတ်ရက် အသိပေးကြေညာခြင်း

မနက်ဖြန် အင်္ဂါနေ့၊ ဇူလိုင်လ (၂၈) ရက် သည် H.M. King Maha Vajiralongkorn Phra Vajiraklaochaoyuhua's Birthday အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် Issa Solutions ရုံးကို (၁) ရက်ပိတ်ထားမည် ဖြစ်ပါသည်။ 🙏

📅 ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ (၂၉) ရက် မှစ၍ ပုံမှန်အတိုင်း ရုံးပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး လာရောက်ဆက်သွယ်နိုင်ပါသည်။

💼 အလုပ်အကိုင်အခွင့်အလမ်းများ စုံစမ်းလိုသူများ၊ Work Permit၊ CI နှင့် အခြားစာရွက်စာတမ်းကိစ္စများကို ဆွေးနွေးတိုင်ပင်လိုသူများအတွက် Issa Solutions ရုံးကို တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၁၀:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ ဖွင့်လှစ်ထားပါသည်။

📍 Issa မှာရှိတဲ့ အလုပ်အကိုင်အများစုက ထိုင်းဘာသာစကား ပြောဆိုနိုင်သူများကို ပိုမိုလိုအပ်တာကြောင့် ထိုင်းစကားကျွမ်းကျင်ထားရင် အလုပ်ရရှိနိုင်တဲ့ အခွင့်အရေးလည်း ပိုများပါတယ်။ ဒါကြောင့် ထိုင်းစကားကို အချိန်ပေးပြီး လေ့လာထားဖို့ တိုက်တွန်းလိုပါတယ်။ 🇹🇭

📩 ရုံးကို မလာနိုင်သူများအနေဖြင့် Facebook Messenger မှတစ်ဆင့်ဖြစ်စေ၊ Line Official မှတစ်ဆင့်ဖြစ်စေ သို့မဟုတ် 📞 082 745 1265 ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
-------------------

📢 Office Closure Notice

Please be informed that Issa Solutions will be closed on Tuesday, 28 July, in observance of H.M. King Maha Vajiralongkorn Phra Vajiraklaochaoyuhua's Birthday, a public holiday in Thailand. 🙏

📅 We will resume our normal business hours on Wednesday, 29 July, and look forward to welcoming you back.

💼 If you would like to explore job opportunities or seek advice on Work Permits, CI, or other employment-related documentation, our office is open Monday to Friday, from 10:00 AM to 5:00 PM.

📍Most of the job opportunities available through Issa require basic to intermediate Thai language skills. Candidates who can communicate in Thai generally have a better chance of securing employment. We strongly encourage you to continue improving your Thai language skills to increase your career opportunities.

📩 If you are unable to visit our office, you can contact us during office hours via:
Facebook Messenger
Line Official:
📞 082 745 1265
Thank you, and we wish everyone a safe and enjoyable public holiday!

#หางาน #แรงงานในไทย #หางานทำ #หาคนงาน #คนลาวในไทย #ต่อเอกสารแรงงานต่างด้าว #สมัครงาน #รับสมัคพนักงาน #ทำงานในกรุงเทพ #หางานในกรุงเทพ #กรุงเทพ

27/07/2026

Bang Wa က မြန်မာတွေ ဒီတစ်ရက်တော့ မလွတ်စေနဲ့နော်! 🇲🇲✨

ဒီ July 30 ရက် (ကြာသပတေးနေ့) မှာတော့ Issa Team က Bang Wa ကို ကိုယ်တိုင်လာပြီး တွေ့ဆုံပေးမှာပါ။ 💛
လာရင် ဘာရမလဲ?
✨ အခုခေါ်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို တိုက်ရိုက်မိတ်ဆက်ပေးမယ်။
✨ ကိုယ့် Career အတွက် သင့်တော်တဲ့ Training Program တွေကို အကြံပေးမယ်။
✨ Work Permit၊ CI နဲ့ အခြားစာရွက်စာတမ်းဆိုင်ရာ မေးခွန်းတွေကို တစ်နေရာတည်းမှာ ဆွေးနွေးနိုင်မယ်။
✨ Issa Team နဲ့ တိုက်ရိုက်တွေ့ပြီး သိချင်တာမှန်သမျှ မေးမြန်းနိုင်မယ်။

📍 နေရာ – Shwe Wa Myanmar Kitchen (Siam University)
https://maps.app.goo.gl/LoWDi1xkmj2UtAmv5

🗓️ နေ့ရက် – ကြာသပတေးနေ့ ၊ ဇူလိုင် ၃၀ရက် ၂၀၂၆
🕑 အချိန် – နေ့လည် ၂နာရီမှ ၅နာရီ
💛 အခမဲ့ လာရောက်တွေ့ဆုံနိုင်ပါတယ်။
🎁 Event ကိုလာရောက်တဲ့သူတိုင်းအတွက် အစားအသောက် Coupon Voucher လေးလည်း လက်ဆောင်ပေးထားပါတယ်။

Bang Wa မှာရှိတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေကို Mention ခေါ်ပြီး အတူလာတွေ့ကြရအောင်နော်! 🙌
📩 လာမယ်ဆိုရင် အောက်က Registration Form ကနေ စာရင်းသွင်းပေးနိုင်သလို Comment မှာ "Bang Wa" လို့ ရေးခဲ့လည်း ရပါတယ်ရှင့်။
https://docs.google.com/forms/d/e/1FAIpQLSevqZXvYsFqlq_xQQHP2sqDee2DquaByOcsktdSaKSv4nD-nQ/viewform?usp=dialog

📢 Call for Interns 🎓ကျောင်းတက်နေရင်း တကယ့်လုပ်ငန်းခွင်အတွေ့အကြုံ ရယူချင်လား?Issa Solutions မှ တက္ကသိုလ်ကျောင်းသား/ကျောင်...
27/07/2026

📢 Call for Interns 🎓

ကျောင်းတက်နေရင်း တကယ့်လုပ်ငန်းခွင်အတွေ့အကြုံ ရယူချင်လား?

Issa Solutions မှ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ အတွက် Student Internship Program ကို ဖွင့်လှစ်ထားပါတယ်။

ဒီ Internship Program က စာသင်ခန်းထဲက သင်ခန်းစာတွေကို လက်တွေ့လုပ်ငန်းခွင်နဲ့ ချိတ်ဆက်သင်ယူနိုင်ဖို့ ရည်ရွယ်ထားတာပါ။ Team တစ်ခုနဲ့အတူ အလုပ်လုပ်ပုံ၊ Project တွေကို စီမံဆောင်ရွက်ပုံ၊ Professional Skill တွေကို လက်တွေ့အသုံးချပြီး တိုးတက်လာအောင် သင်ယူနိုင်မှာ ဖြစ်ပါတယ်။

✨ Internship ကနေ ရရှိမယ့် အခွင့်အရေးများ
✅ တကယ့်လုပ်ငန်းခွင် အတွေ့အကြုံ ရရှိခြင်း
✅ Professional Team နဲ့အတူ Project များတွင် လက်တွေ့ပါဝင်လုပ်ကိုင်ခွင့်
✅ Communication Skill၊ Teamwork နဲ့ Workplace Skill များ ဖွံ့ဖြိုးတိုးတက်လာခြင်း
✅ အလုပ်လျှောက်တဲ့အခါ အားသာစေမယ့် Internship Experience ရရှိခြင်း
✅ အနာဂတ် Career အတွက် အဖိုးတန်အတွေ့အကြုံများ စုဆောင်းနိုင်ခြင်း

📌 Community ၊ Operations၊ Compliance နှင့် Marketing နယ်ပယ်များကို စိတ်ဝင်စားတဲ့ ကျောင်းသား/ကျောင်းသူများကို လျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်။

📩 စိတ်ဝင်စားပါက CV ကို
[email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်။

24/07/2026

ဘယ်သူ့ကိုမှ ယုံလို့မရပေမယ့် ......
Issa ကို‌တော့ ယုံလို့ရတယ်နော် 😎
🇹🇭 #ရွှေမြန်မာ🇲🇲🇲🇲🇲🇲

23/07/2026

Issa မှာ စာရင်းသွင်းပြီးသူတိုင်းရတဲ့ F code ဆိုတာဘာလဲ❓
F code ရှိထားရင်ရော ဘယ်လိုအကျိုးခံစားခွင့်တွေရရှိမလဲဆိုတာကို အသေးစိတ်ရှင်းပြပေးထားပါတယ် 🤓

အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ရယူချင်တယ်ဆိုရင်တော့ အခုဘဲ Issa နဲ့ ချိတ်ဆက်လိုက်ပါနော်!
📍Issa Solutions မှာရှိတဲ့ အလုပ်အကိုင်အများစုမှာ ထိုင်းစကားအသုံးပြုနိုင်မှု လိုအပ်တာကြောင့် ထိုင်းစကားပြောတတ်ရင် အလုပ်ရဖို့ အခွင့်အရေးပိုများပါတယ်နော်။
ဒါကြောင့် ထိုင်းစကားကို လေ့လာထားဖို့ တိုက်တွန်းလိုပါတယ် 🗣️✨
🇹🇭 #အလုပ်အခွင့်အရေး #ထိုင်းမှာအလုပ်လုပ်မယ် #หางานในกรุงเทพ #สมัครงาน #แรงงานต่างด้าว

ที่อยู่

899 2nd Floor Sukhumvit Road Khlong Tan Nuea Subdistrict
Bangkok
10110

เวลาทำการ

จันทร์ 10:00 - 17:00
อังคาร 10:00 - 17:00
พุธ 10:00 - 17:00
พฤหัสบดี 10:00 - 17:00
ศุกร์ 10:00 - 17:00

เบอร์โทรศัพท์

+66827451265

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Issa Solutionsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์