04/11/2026
💪 "Don't Just Evaluate Performance. Develop People." 💪
ဝန်ထမ်းတွေရဲ့ Performance တိုးတက်လာဖို့ တစ်နှစ်တစ်ကြိမ် Evaluation လုပ်ပေးရုံနဲ့ လုံလောက်ပြီလား။
ဒီလို Evaluation တွေက ဝန်ထမ်းရဲ့ ပြီးခဲ့တဲ့ Performance ကို ပြန်လည် သုံးသပ်နိုင်တာ မှန်ပေမဲ့ ရေရှည် တိုးတက်စေဖို့ ရည်ရွယ်တယ်ဆိုရင်တော့...
– ပုံမှန်ဆွေးနွေးခြင်း၊
– လမ်းညွှန်ပေးခြင်းနဲ့
– အပြန်အလှန် Feedback ပေးနိုင်တဲ့ Workplace Culture တစ်ခု လိုအပ်ပါတယ်။
ဒါကြောင့် Continuous Feedback Culture တည်ဆောက်မယ်ဆို ဒီအချက်တွေကို ထည့်သွင်းစဥ်းစား ရပါမယ်။
💠 ၁) ဝန်ထမ်းတွေရဲ့ အနာဂတ် တိုးတက်မှုကို အဓိကထားခြင်း
နှစ်ကုန်မှ Evaluation Form စောင့်ကြည့်နေမယ့်အစား Project အလိုက်/ လစဉ် One-on-One ဆွေးနွေးပေးခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို အချိန်မီပြုပြင်နိုင်မယ့်အပြင် အနာဂတ်တိုးတက်ရေးအတွက်လည်း အထောက်အပံ့ဖြစ်စေမှာပါ။
💠 ၂) ရည်မှန်းချက်တွေကို ပွင့်လင်းစွာ ညှိနှိုင်းတိုင်ပင်ခြင်း
KPI နဲ့ OKR တို့လို Goal-Setting Framework တွေကို ဝန်ထမ်းနဲ့ Manager တို့ အပြန်အလှန်ဆွေးနွေးပြီး သဘောတူညီစွာဆောင်ရွက်မှသာ မျှော်မှန်းထားတဲ့ရလဒ်တွေကို ရနိုင်မှာပါ။
💠 ၃) မန်နေဂျာတွေကို Evaluator ထက် Coach အဖြစ် ပြောင်းလဲခြင်း
မန်နေဂျာတွေအနေနဲ့ အမှားရှာ အမှတ်ပေးသူ မဟုတ်တော့ဘဲ ဝန်ထမ်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အတူတကွ ပူးပေါင်း ဖြေရှင်းပေးတဲ့ Coaching Approach ကို ကျင့်သုံးလာအောင် တွန်းအားပေးရပါမယ်။
💠 ၄) Psychological Safety ဘောင်ထဲကနေပဲ ဆောင်ရွက်ခြင်း
အမှားတွေကနေ သင်ယူခွင့်ရတဲ့ ပတ်ဝန်းကျင်ဖြစ်ကြောင်း ဖော်ပြတဲ့အနေနဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့အမြင်၊ အခက်အခဲ၊ အကြံပြုချက်တွေကို ဘာတွန့်ဆုတ်မှုမရှိဘဲ စိုးရိမ်မှုကင်းကင်း ထုတ်ဖော်ခွင့်ရအောင် ကူညီပေးသင့်ပါတယ်။
💠 ၅) Recognition နဲ့ Fair Evaluation ကို ချိတ်ဆက်ခြင်း
Review Process တစ်ခုလုံးကို မန်နေဂျာတစ်ယောက်တည်း ဆုံးဖြတ်တာထက် လက်တွေ့ ရရှိထားတဲ့ စွမ်းဆောင်ရည် Data တွေအပေါ် မူတည်ပြီး ထိုက်ထိုက်တန်တန် အသိအမှတ်ပြုပေးရပါမယ်။
💠 ၆) Feedback မှတစ်ဆင့် ရေရှည် Employee Growth ဆီ ဦးတည်ခြင်း
Continuous Feedback ရဲ့ ရည်ရွယ်ချက်က Performance Score ပိုကောင်းလာဖို့ မဟုတ်ပါဘူး။ ဝန်ထမ်းရဲ့ Strengths တွေကို နားလည်ပြီး Individual Development Plan (IDP), Training နဲ့ Career Growth အတွက်ပါ ချိတ်ဆက် ပြင်ဆင်ပေးနိုင်ရေး ဖြစ်ပါတယ်။
Clear Goals ➔ Continuous Feedback ➔ Coaching ➔ Recognition ➔ Employee Growth
▸ ဒါကြောင့် နှစ်ကုန်မှ Evaluation လုပ်တာထက် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို စဥ်ဆက်မပြတ် မြှင့်တင်ပေးနိုင်မယ့် Continuous Feedback Culture အကြောင်း အပြည့်အစုံကို အောက်ပါ LinkedIn Article မှာ ဆက်လက် ဖတ်ရှုနိုင်ပါပြီ။
🔽🔽🔽🔽🔽
အပြည့်အစုံဖတ်ရန် - https://shorturl.at/HDeVN