Add To Tech

Add To Tech Add to Tech provide services such as iOS app development, android app development, web development a

Our software solutions are designed and developed by experienced professional UI/UX Designer and Developers.

🪔 မြန်မာလူမျိုးတို့ အလေးအမြတ်ထားရာ တန်ဆောင်တိုင် အခါသမယလေးတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီ...
27/11/2023

🪔 မြန်မာလူမျိုးတို့ အလေးအမြတ်ထားရာ တန်ဆောင်တိုင် အခါသမယလေးတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး စီးပွားလာဘ်လာဘများ တိုးတက်ပါစေကြောင်း Add to Tech Team မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

23/06/2023

We made it happens

OOP Basic Part 1 ( Classes, objects, methods and properties )-----------------------------------------------------------...
08/12/2020

OOP Basic Part 1 ( Classes, objects, methods and properties )
-----------------------------------------------------------------------------------------

Object-oriented programming ကတော့ Programming Style တစ်ခုဖြစ်ပြီး ၎င်းသည် သက်ဆိုင်ရာ variable များနှင့် function များအားလုံးကို class တစ်ခုတည်းအဖြစ်စုစည်းလေ့ရှိပါတယ်။ ပုံမှန်ရေးလေ့ရေးထရှိတဲ့ Programming Style ထက် ပိုပြီး ထိရောက်မှုရှိတယ် ၊ ရေးပြီးသား Code တွေကိုလည်း Maintenance လုပ်ရတာကောင်းပါတယ်။ ဘာတွေလည်း ဆိုတော့ Code အဖွဲ့အစည်းကို ပိုမိုထောက်ပံ့နိုင်တယ်၊ Module ရေးပုံရေးနည်းကို ပိုမိုကောင်းမွန်စေတယ်၊ ထပ်ကာထပ်ကာရေးနေတဲ့ Code တွေကို လျော့ချနိုင်ပါတယ်။ သာမန် Project နဲ့ ရိုးရှင်းတဲ့ Project တွေအတွက် ဆိုရင်တော့ Programming ရဲ့ ပုံမှန်ရေးထုံး အတိုင်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ပိုကြီးတဲ့ Project ၊ ပိုမှို ရှုပ်ထွေးနိုင်တဲ့ Project မျိုးဆိုရင်တော့ Object Oriented Style နဲ့ရေးတာ ပိုမိုကောင်းမွန်ပါတယ်။
အခုဖော်ပြပေးမဲ့ အကြောင်းအရာကတော့ Object-oriented programming ရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့
classes
objects
methods
properties
တို့ပဲ ဖြစ်ပါတယ်။

Object-oriented programming ကတော့ Programming Style တစ်ခုဖြစ်ပြီး ၎င်းသည် သက်ဆိုင်ရာ variable များနှင့် function များအားလုံးကို class…

16/11/2020

Website ဘာကြောင့်လုပ်သင့်သလဲ
----------------------------------------------
‣ မိမိလုပ်ငန်းအကြောင်း၊ products အကြောင်း၊ Customer သို့ပေးချင်
သော information များကိုအချိန်တိုအတွင်း ထိရောက်စွာပေးနိုင်ခြင်း။
‣ 24နာရီ၊ ပိတ်ရက်နားရက်မရှိသောဝန်ထမ်းတစ်ယောက်ကဲ့သို့
ဝန်ဆောင်မှုပေးနိုင်ခြင်း။
‣ နိုင်ငံတကာဈေးကွက်သို့ထိုးဖောက်နိုင်ခြင်း။
‣ Customer များနှင့်အလွယ်တကူဆက်သွယ်လို့ရနိုင်ခြင်း။
‣ ယခုအခါလူတို့သည်မိမိတို့သိချင်၊ လိုချင်သည်များကိုအွန်လိုင်းပေါ်မှ
နေ၍ ရှာဖွေနေကြခြင်း။

Website တစ်ခုပိုင်ဆိုင်လိုက်ရအောင်
----------------------------------------------
Online ကိုအသုံးပြု၍ မိမိကုန်ပစ္စည်းများကိုရောင်းချချင်သောလူကြီးမင်းများ၊ နိုင်ငံခြားကုမ္ပဏီများနဲ့ရင်ေ ဘာင်တန်းပြီး ကမ္ဘာတစ်ဝန်းသို့ဈေးကွက်ချဲ့ထွင်ချင်သော ကုမ္ပဏီပိုင်ရှင်များ၊ မိမိအကြောင်း၊ မိမိကုမ္ပဏီ အကြောင်း၊ မိမိပေးချင်သော ဝန်ဆောင်မှုအကြောင်း၊ မိမိကုန်ပစ္စည်းများအကြောင်းကိုအချိန်တိုအတွင်း ထိရောက်စွာ ဖော်ပြချင်သော လုပ်ငန်းရှင်များ အနေဖြင့် website တစ်ခုလုပ်ချင်ပြီးဆိုပါက ကျွန်တော်များ Add To Tech https://addtotech.co/ မှအောက်ပါဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။

‣ ခေတ်မှီလှပသော Web Design များကိုအဆင့်အတန်းမြင့်မားစွာ ရေး
ပေးခြင်း။
‣ လုံခြုံ စိတ်ချရပြီး သုံးစွဲရလွယ်ကူသော Web Application များရေးဆွဲ
ပေးခြင်း။
‣ Website Maintenance လုပ်ပေးခြင်း။
‣ Email Marketing Template များရေးဆွဲပေးခြင်း

ကျွန်တော်တို့၏ အာမခံချက်များ
‣ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ အားလုံးနှင့်အဆင်ပြေခြင်း။
(responsive ဖြစ်ခြင်း။) ‣ အင်တာနက်တွင်ရှာဖွေရလွယ်ကူခြင်း။
‣ Browser (Chrome, Firefox, Safari, etc..) အားလုံးနှင့်အဆင်ပြေခြင်း။
‣ Website လျှင်မြန်ပေါ့ပါးခြင်း။

https://addtotech.co/

16/11/2020

PHP Basic Data Type တွေကတော့
-String
-Integer
-Float (floating point numbers — also called double)
-Boolean
-Array
-Object
-NULL
PHP String
— — — — — — — — — — — —
String ဆိုတာ double quote (“Hello World”) ,single quote (‘Hello World’) ထဲမှာ ရှိတဲ့ စာသား(text) တွေဖြစ်ပါတယ်။
String တစ်ခုပြောင်းချင်ပီ ဆိုလျင် ပြောင်းချင်တဲ့ စာသားကို double quote (or) single quote ထဲ ထည့်ပေးရမှာ ဖြစ်ပါတယ်။

PHP Integer
— — — — — — — — — — — — —
Integer ဆိုတာ -2,147,483,648 နှင့် 2,147,483,647 ကြားထဲ မှာရှိတဲ့ ဒသမကိန်း မဟုတ်သော ကိန်း ကိုဆိုလိုပါတယ်။

$x က integer ဖြစ်ပါတယ်။
Var_dump() function က data type ကို ပြပေးပါလိမ့်မယ်။
PHP Float
— — — — — — — — — — —
Float ဆိုတာ ဒသမကိန်း or ထပ်ညွှန်းတွေပါ၀င်တဲ့ ကိန်းဂဏန်းတစ်ခု ဖြစ်ပါတယ်။

$x က float ဖြစ်ပါတယ်။
Var_dump() function က data type ကို ပြပေးပါလိမ့်မယ်။
PHP Boolean
— — — — — — — — — — — — — — —
Boolean ဆိုတာ True နဲ့ False ဆိုတဲ့ အခြေအနေ နှစ်ခုကိုပဲ ကိုယ်စားပြုပါတယ်။
$x = true;
$y = false;
Boolean တွေကို condition testing လုပ်တဲ့ နေရာမှာ မကြာခဏ အသုံးပြုပါတယ်။
PHP Array
— — — — — — — — — — — —
Single variable တစ်ခုထဲမှာ တန်ဖိုးတွေ အများကြီး (multiple value) သိမ်းထားတာကို Array လို့ခေါ်ပါတယ်။

$cars က array ဖြစ်ပါတယ်။
Var_dump() function က data type နဲ့ value ကို ပြပေးပါလိမ့်မယ်။
PHP Object
— — — — — — — — — — — —
Object ဆိုတာ စီစဥ်ထားတဲ့ data တွေအပေါ်မှာ data နဲ့ information တွေကို သိမ်းထားတဲ့ data type တစ်ခုဖြစ်ပါတယ်။
ပထမဆုံး အနေနဲ့ object ရဲ့ class ကို ကြေညာ ပေးရပါတယ်။ class ဆိုတဲ့ key word ကို အသုံးပြုရပါတယ်။
Class ထဲမှာ တော့ properties နဲ့ methods တွေပါ၀င်ပါတယ်။

PHP NULL Value
— — — — — — — — — — — — — — — — — —
Null ဆိုတာ တန်းဖိုး null ဆိုပီး သက်မှတ်ထား တဲ့ special data type တစ်ခုဖြစ်ပါတယ်။
Variable တန်ဖိုး တစ်ခုမှ မသက်မှတ်ဘူး ဆိုလျင် အလိုအလျောက် အဲဒီတန်ဖိုးက null ဖြစ်သွားပါတယ်။


https://medium.com/.it/php-basic-data-type-af32ea700963

15/11/2020

Javascript
--------------------
JavaScript ဟာ အကျော်ကြားဆုံး Programming Language ထဲက တစ်ခုဖြစ်ပါတယ်။ Web Developer တွေအတွက် အရေးကြီးတဲ့ Main Language ၃ခု ထဲက တစ်ခုလည်း ြဖစ်ပါတယ်။
HTML: Lets you add content to a web page.
CSS: Specifies the layout, style, alignment of web pages.
JavaScript: Improves the way web pages behave.
စတင်လေ့လာတဲ့ နေတဲ့သူတွေအတွက် လည်း လွယ်လွယ်ကူကူလေ့လာနုိင်ပြီး Web based Software တွေမှာ ြမန်မြန်ဆန်ဆန် Integrate လုပ်လို့ရပါတယ်။ Web based Software တွေနဲ့ Games အများအပြား တင်ထားတဲ့ Website တွေ ရဲ့ လုပ်ေဆာင်ချက်တွေ တိုးမြှင့်ဖို့ အတွက်လည်း ကျယ်ကျယ်ြပန့်ပြန့် အသုံးပြုလာကြပါတယ်။
JavaScript form then until now
JavaScript ကို Mozilla Corporation ပူးတွဲတည်ေထာင်သူ ၊ Netscape Communications ရဲ့ Employee တစ်ေယာက်ြဖစ်တဲ့ Brandan Eich က ၁၉၉၅ ခုနှစ် မှာ ဖန်တီးခဲ့ပါတယ်။ JavaScript ရဲ့ မူလပထမ နာမည်က Mocha ြဖစ်ပါတယ်။ အဲနောက်မှာ Mona လို့ပြောင်းပါတယ်။ Mona နောက်မှာ LiveScript လိုပြောင်းခေါ်ပါတယ်။ နောက်ဆုံးမှာတော့ JavaScript ဆိုပြီး နာမည်ပေးလိုက်ကြပါတယ်။ မူလအစ Version မှာတော့ Netscape ရဲ့ သီးသန့်သုံးဖို့ ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ အလျင်အမြန်တိုးတက်လာတဲ့ အတွက် Microsoft ကလည်း ၁၉၉၆ ခုနှစ်မှာကြေငြာတဲ့ Internet Explorer 3 မှာ JavaScript ထည့်သွင်းလာပါတယ်။
၁၉၉၆ ခုနှစ် နိုဝင်ဘာလမှာ JavaScript ကို Industrial Standard အဖြစ်သတ်မှတ်ဖို့ Netscape က ECMA International ကိုတင်ပြခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် ဇွန်လ မှာ ECMA-262 Standard အနေနဲ့ စခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ECMAScript 2 အနေနဲ့ Released လုပ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာECMAScript 3 အဖြစ်မြှင့်တင် ခဲ့ပါတယ်။ အခုဆိုလျှင် JavaScript က မတူညီတဲ့ Browser ေတွသာမက Mobile နဲ့ Computer စတဲ့ အမျိုးမျိုးသော devices တွေ ေပါ်မှာလည်းပဲ အလုပ်လုပ်ေနပါြပီ။ JavaScript ကို အသုံးပြုသူများလာတာနှင့် အမျှ ၂၀၁၆ ခုနှစ်မှာ ၉၂ ရာခိုင်နှုန်းသော website တွေက JavaScript ကို အသုံးပြုလာကြပါတယ်။
What makes JavaScript great ?
JavaScript ကုိ အသုံးပြုခြင်းအားဖြင့် ရရှိတဲ့ အကျိုးကျေးဇူး တစ်ချို့ ရှိပါတယ်။
အဲဒါတွေကတော့
- JavaScript မှာ Compiler မလိုပါဘူး ဘာလို့လည်းဆိုတော့ browser မှာတဲ့ JS Engine ကပဲ interpreted လုပ်ပေးလို့ ြဖစ်ပါတယ်။
- အခြားသော programming languages တွေထက် သင်ကြားရတာ ပိုလွယ်ကူပါတယ်။
- Error တွေကို မှတ်ထား ရတာ လွယ်ကူတဲ့ အတွက် အမှန်ကို ပိုဖြစ်ေစပါတယ်။
- Web page elements နဲ့ specific events တွေဖြစ်တဲ့ click, mouse overs တို့လို လုပ်ေဆာင်ချက်တွေကို assign လုပ်လို့ရပါတယ်။
- JavaScript က multiple browsers နဲ့ platforms တွေပေါ်မှာလည်း အလုပ်လုပ်ပါတယ်။
- Sever ကိုမပို့မှီ user input တွေကို validate လုပ်လို့ရပါတယ်။
What are JavaScript’s weaknesses ?
Programming Language တိုင်းမှာ အားနည်းချက် ကိုယ်ဆီရှိကြပါတယ်။ JavaScript မှာလည်း အားနည်းချက် အချို့ရှိပါတယ်။ အဲဒါတွေကတော့
- Client-Side-Security. Code တွေကို user ရဲ့computer မှာ execute လုပ်ရပါတယ်။
အဲဒီအတွက် အန္တရာယ်ြဖစ်စေတဲ့ ရည်ရွယ်ချက် အတွက် code တွေရေးပြီး user အပေါ် အမြတ်ထုတ် ခံရနိုင်ပါတယ်။အဲဒါကြောင့် user တွေဟာ browser ေပါ်မှာ JavaScript ကို disabled လုပ်ထားကြပါတယ်။
- Browser Support . JavaScript က မတူညီတဲ့ browser တွေအတွက်
မတူညီတဲ့ interpreted လုပ်ေဆာင်ချက်ေပးပါတယ်။ Service Side Language တွေကတော့ တူညီတဲ့ output ကိုပေးပါတယ်။ ဒါပေမဲ့ client side script တွေကတော့ အနည်းငယ် ခန့်မှန်းရခက်ပါတယ်။
How does JavaScript work on your website ?
JavaScript ကို Web Page ကနေ direct embed လုပ်လို့ရပါတယ်။ အဲ့ဒါအပြင် .js file extension ကို သုံးပြီး referenced လုပ်လို့ရပါတယ်။ JavaScript က client side language ဖြစ်တဲ့ အတွက်ကြောင့် visitor တွေရဲ့ computer ေပါ်မှာပဲ အလုပ်လုပ်ပါတယ်။
How do you add JavaScript on a website?
JavaScript code တွေကို web page မှာ tag အဖွင့်အပိတ်နဲ့ ရေးရပါတယ်။များသောအားဖြင့် tag ထဲမှာ ရေးတာပိုများပါတယ်။
အောက်မှာဖော်ြပထားတဲ့ example အတိုင်း pracitce လုပ်လို့ရပါတယ်။
Your Javascript code
So, What is JavaScript ?
JavaScript ဆိုတာ ကျွန်တော်တို့ရဲ့ ဘဝ ထဲသို့ websites တွေကို ယူဆောင်ေပးတဲ့ programming language တစ်ခုဖြစ်ပါတယ်။

11/11/2020

What is Backend Development ?

Backend Development ဆိုတာဘာလဲ?
Application တွေ Web Service တွေဖန်တီးမယ်ဆိုရင် အပိုင်းနှစ်ပိုင်း ခွဲခြားထားပါတယ်။ Frontend နဲ့ Backend ပါ။ Fronted ကတော့ရှင်းပါတယ် ကျွန်တော်တို့ မြင်နေရတဲ့ အပိုင်းပဲဖြစ်ပါတယ်။Color, Animations, Layout နဲ့ အခြားသော stuff တွေကို မိမိရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး Application နဲ့ Website တွေဖန်တီးထားတဲ့ နည်းပညာဟာ Frontend ပါပဲ။ ယေဘုယျအားဖြင့် Frontend ကို User Interface (UI) လို့ခေါ်ပါတယ်။Backend ဆိုတာကတော့ ကျွန်တော်တို့ မမြင်ရတဲ့ အပိုင်းပါ။ Application နဲ့ Website တွေရဲ့ နောက်ကွယ်ကနေ အလုပ်လုပ် နေတာကိုခေါ်ပါတယ်။ Backend မှာပါဝင်တာတွေကတော့ Server ၊ Database အပြင် တခြားအရာတွေ အများကြီးရှိပါသေးတယ်။
အခုရေးထားတဲ့ Content မှာဆိုရင် Fonts,Colours,Design အစရှိတာတွေ ပါပါတယ်။ အဲ့ဒါတွေက Blog ထဲမှာပါတဲ့ Frontend ရဲ့ အစိတ်အပိုင်းတွေပါ။ Web Page တွေနဲ့ Article ထဲမှာ ရှိတဲ့ Content တွေကို Server နဲ့ Database တွေကို အသုံးပြုပြီး Data တွေရရှိလုပ်ဆောင်ရတဲ့ အစိတ်အပိုင်းက တော့ Backend ဖြစ်ပါတယ်။
What Does a Backend Developer Do For Backend Development ?
Backend Developer တွေဘာတွေလုပ်ဆောင်ကြလဲ ဆိုရင် ဒါတွေလုပ်ကြပါတယ်။
Writing Server-Side Code.
Writing code to interact with a database.
Ensuring that the server-side code is secure and free of vulnerabilities.
Ensuring that the server-side code is optimised enough to handle large volumes of traffic.
Deploying the code to online
Backend Development ရဲ့ Step များ
Backend Development ကို စပြီးလေ့လာမယ်ဆိုရင် Frontend Development ဖြစ်တဲ့ HTML/CSSကို အခြေခံ သိထားအောင် လေ့လာထားသင့်ပါတယ်။
Step 1 - Learn a Language
Backend Development အတွက် ဘယ် Language ကိုသုံးမလဲ။ရွေးချယ် စရာ Language တွေအများကြီး ရှိပါတယ်။ အဲဒါတွေကတော့ PHP, Nodejs, Python, Rail စသဖြင့်ပေါ့။အခုမှ စလေ့လာတဲ့ သူတွေကိုတော့ Scripting Language ကိုရွေးပါလို့ အကြံပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ သူတို့မှာ Demand တွေအများကြီးရှိလို့ပါ။လေ့လာရတာလည်း ပိုပြီးတော့ မြန်ဆန်ပါတယ်။ ကျွန်တော်တို့မှာ Frontend Knowledge သိပြီးသားဆိုရင်တော့ Nodejs ကိုလေ့လာပါ။Nodejs မှာ အလုပ်အတွက်ကြီးမားတဲ့ Market ရှိပါတယ်။
Step 2 - Learn Package Manager
Language ရွေးပြီးပြီ ဆိုရင်တော့ Package Manager ကိုလည်း လေ့လာဖို့ လိုအပ်ပါတယ်။ Package Manager က ကျွန်တော်တို့ရဲ့ Applications တွေမှာ အသုံးဝင်တဲ့ External Libraries တွေအသုံးပြု လို့ရအောင်ကူညီပေးပါတယ်။ ကျွန်တော်တို့ ရေးထားတဲ့ Libraries တွေကိုလည်း တခြားသူတွေ ယူသုံးလို့ ရအောင် ဖြန့်ဝေပေးပါတယ်။ကျွန်တော်တို့က PHP Language ကိုရွေးချယ်ထားတယ်ဆိုရင် Composer ဆိုတဲ့ Package Manager ကိုသုံးရပါမည်။ Nodejs ဆိုရင် NPM နဲ့ Yarn ။ Python ဆိုရင် Pip ။ Ruby ဆိုရင်တော့ Ruby Gems တို့ပဲဖြစ်ပါတယ်။
Step 3 - Security
Security အတွက် ကျွန်တော်တို့ ရွေးချယ်ထားတဲ့ Language ပေါ်မူတည်ပြီး OWASP guidelines တွေကို လေ့လာရပါမယ်။ Language ထဲမှာ မတူညီတဲ့ security issues တွေကို ဘယ်လိုရှောင်ရှားရမယ်ဆိုတာ သိထားရပါမယ်။
Step 4 - Learn About Testing
မတူညီတဲ့ Testing Type တွေအများကြီးရှိပါတယ်။ ရွေးချယ်လိုက်တဲ့ Test Type ရဲ့ ရည်ရွယ်ချက်ကို နားလည်ထားရင် ပိုကောင်းပါတယ်။ အခုအတွက်တော့ Unit Testing နဲ့ ကျွန်တော်တို့ Application မှာ tests တွေဘယ်လို ပေါင်းစပ်ပြီး ထည့်ရမယ် ဆိုတာကို သိထားရပါမယ်။ mocks, stubs တို့လို မတူညီတဲ့ testing terminologies တွေကို လေ့လာရပါမယ်။
Step 5 - Learn About the Relational Database
Server ဆိုမှတော့ Database အကြောင်း လေ့လာဖို့ လိုတာပေါ့။ Database ထဲမှာ သိသင့်တဲ့ အချက်တွေကတော့ key, indexes, normalization, type တို့ပဲဖြစ်ပါတယ်။ ရွေးချယ်သင့်တဲ့ Database တွေကတော့ MySQL, Maria DB, PostgreSQL တို့ပါပဲ။
Step 6 - Learn a Framework
Language ပေါ်မူတည်ပြီး Framewok ရွေးချယ်ရပါမယ်။ Framework အနေနဲ့ကတော့ အသုံးပြုချင်လည်းရတယ်။ အသုံးမပြုချင်လည်း ရပါတယ် ။ option ပါ။ Framework သုံးရတဲ့ အားသာချက်ကတော့ development ကိုပိုမြန်စေပါတယ်။ PHP အတွက် အဆင်ပြေစေမဲ့ Framework တွေကတော့ Laravel, Symfony, Codeigniter, Cake PHP တို့ပဲ ဖြစ်ပါတယ်။ Nodejs ကိုရွေးချယ်ထားတယ် ဆိုရင်တော့ Express Framework ကိုသုံးပါလို အကြံပြုလိုပါတယ်။
Step 7 - Learn a NoSQL Database
Scale ဖြစ်တဲ့ Database ကိုလိုချင်တယ်ဆိုရင် NoSQL Database ကိုသုံးပါ။ Relational Database နဲ့ NoSQL တွေရဲ့ အားသာချက် အားနည်းချက်တွေကို အရင်လေ့လာသင့်ပါတယ်။
လေ့လာရမဲ့ Database တွေကတော့ Mongo DB, Cassandra, Rethink DB နဲ့ Couchbase တို့ပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ Mongo DB ကိုရွေးချယ်ပါတယ်။
Step 8 - Learn RESTful APIs
Backend Development အတွက်မရှိမဖြစ်လိုအပ်တဲ့ အပိုင်းပါ။Frontend နဲ့ Server (Backend) ကို ချိန်ဆက်တဲ့ REST နည်းပညာပါ။ ဒီအပိုင်းမှာတော့ သိထားသင့်တဲ့ အချက်တွေက HTTP နဲ့Json ရဲ လုပ်ဆောင်ချက်တွေပါ။
Step 9 - Learn About Different Auth Method
မတူညီတဲ့ Authentication နဲ့ Authorization Methodologies အကြောင်းလေ့လာသင့်ပါတယ်။
သိထားသင့်တဲ့ Method တွေကတော့
OAuth - Open Authentication
Basic Authentication
Token Authentication
JWT - Json Web Tokens
Open ID တို့ပဲဖြစ်ပါတယ်။
Step 10 - Learn How to use Web Socket
ကျွန်တော်တို့ လုပ်ဆောင်မဲ့ Application က Real Time ဆိုရင်တော့ Web Socket မဖြစ်မနေသုံးရပါမယ်။
Conclusion
နောက်ဆုံးအနေနဲ့ တစ်ဆင့်ခြင်းစီလိုက် Pratice များများလုပ်ပြီး လေ့လာသင့်ပါတယ်။ဒီ Article ကိုဖက်ပြီးတော့ Backend Development ကိုနားလည်မယ်လို့ မျှော်လင့်ပါတယ်။စလေ့လာနေတဲ့ သူတွေအတွက် တစ်ခုခု ရလိမ့်မယ်လို့ ထင်မိပါတယ်။ ကျေးဇူးတင်ပါတယ်။

Address

Myanmar Plaza, Yanking Tsp
Yangon
11061

Alerts

Be the first to know and let us send you an email when Add To Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share